Friday, May 24, 2019

ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးပါက ချယ်လ်ဆီးနည်းပြဆာရီ အနာဂတ်အကြောင်း ဆွေးနွေးမည်

ချယ်လ်ဆီးနည်းပြမော် ရီဇီယိုဆာရီသည် လာမည့်သီ တင်းပတ် ယူရိုပါလိဂ် ဗိုလ်လုပွဲအ ပြီးတွင် ကလပ်အသင်းအထက်လူ ကြီးများနှင့် တွေ့ဆုံကာ လာမည့် ရာသီ၌ မိမိအား ဆက်လက်တာ ဝန်ယူစေလိုသည်လားဆိုသည်ကို ဆွေးနွေးမည်ဖြစ်သည်။ ဆာရီ၏ အသင်းသည် ရာ သီတစ်ဝက်ခန့်တွင် ခြေစွမ်းကျ ဆင်းခဲ့သော်လည်း ရာသီကုန်ချိန် ၌ ပရီးမီးယားလိဂ် တတိယနေရာ ရခြင်းနှင့်အတူ ချန်ပီယံလိဂ်ဝင် ခွင့် ရရှိခဲ့သည်။ေ မလ ၂၉ ရက် ဘာကူးမြို့ တွင် အာဆင်နယ်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲ ဆင်နွှဲရမည်ဖြစ်ရာ ဖလားရနိုင်သည့် အခြေအနေ ရရှိထားသည်။



သို့သော် ဆာရီ၏ပထမဆုံး ရာသီတွင် ၎င်း၏ဘောလုံးစတိုင် ကို ချယ်လ်ဆီး ပရိသတ်များက သဘောမကျဘဲ နာပိုလီနည်းပြ ဟောင်းသည် အီတလီ၌ နည်းပြ လစ်လပ်နေသော ဂျူဗင်တပ်၊ ရိုး မားတို့သို့ ရောက်ရှိမည်ဟု ကော လာဟလများထွက်ပေါ်နေသည်။

‘‘ကျွန်တော်ကို သဘောကျ သလား၊ မကျသလားဆိုတာ သိရှိဖို့ ကလပ်အသင်းနဲ့ စကား ပြောသွားပါမယ်’’ ဟု ဆာရီက ပြောကြားပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးသည်ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော် အနာဂတ်နှင့်ပတ် သက်၍ မည်သည့်ဆုံးဖြတ်ချက်မ ဆို ယူရိုပါလိဂ်ဗိုလ်လုပွဲ အဖြေအ ပေါ် မမှီခိုသင့်ဟု ဆာရီကအလေး အနက်ထားပြောသည်။

‘‘အကယ်၍အခြေအနေက အဲဒီလိုဆိုရင် ကျွန်တော်ချက်ချင်း ပဲ ထွက်ခွာသွားချင်ပါတယ်။ ၁၀ လကြာ အလုပ်လုပ်ခဲ့ပြီး မိနစ် ၉၀ အတွင်းမှာ အကုန်ထုတ်ကစား ရမယ်ဆိုရင် ဒါဟာမှန်ကန်မှုမရှိ ပါဘူး။ ကျွန်တော့်အလုပ်နဲ့ပတ် သက်ပြီး ပျော်ရွှင်လား၊ မပျော်ရွှင် ဘူးလားဆိုတာက အဓိကပါ’’ ဟု ဆာရီက ပြောသည်။

ချယ်လ်ဆီးအသင်း၏ အဓိ က ပစ်မှတ်ဖြစ်သော ချန်ပီယံလိဂ် တွင် ပြန်လည်ပါဝင်ရေးနှင့်ဖလား ဗိုလ်လုပွဲနှစ်ပွဲ ရောက်ရှိခဲ့ပြီး နောက် ဆာရီက ၎င်း၏မှတ်တမ်း ကို ကာကွယ်ပြောဆိုသည်။

‘‘ရာသီကောင်းတစ်ခုရရှိခဲ့ တယ်လို့ ထင်ပါတယ်။ ပြဿနာ  တွေတော့ အများကြီးရှိခဲ့တာပေါ့။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ တတိယရတယ်။ လိဂ်ဖလားပြိုင် ပွဲ ဗိုလ်လုပွဲ ရောက်ခဲ့တယ်။ အခု ကျွန်တော်တို့ ယူရိုပါလိဂ်ဗိုလ်လု ပွဲ ကစားရမယ်။ အနိုင်ရရင် အ ရမ်းကောင်းတဲ့ရာသီဖြစ်သွားပါ လိမ့်မယ်’’ ဟု ဆာရီကပြောကြား သည်။

No comments:

Post a Comment