Friday, May 24, 2019

ဥပဒေနှင့်မညီသော ကိစ္စများကို ပြတ်ပြတ်သားသား ဖြေရှင်းမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော

တနင်္သာရီတိုင်းအတွင်း  ဥပဒေနှင့်မညီသော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက မည်သူ့မျက်နှာ မျှ မထောက်ဘဲ အချိန်နှင့်တစ် ပြေးညီ ပြတ်ပြတ်သားသားတုံ့ပြန် ဖြေရှင်းမည်ဟု ၀န်ကြီးချုပ်ဦးမြင့် မောင်က သတိပေးသည်။ ထို့ကြောင့် အစိုးရအဖွဲ့အ ပါအ၀င်  ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားခြင်း မပြုဘဲ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိ၍ ဥပဒေနှင့်အညီ  လုပ်ကိုင်ဆောင်ရွက်ရန် လို ကြောင်း ၎င်းကဆိုသည်။



‘‘ကျွန်တော်တို့ အခုတာဝန် ထမ်းဆောင်နေတာသည်  ဥပဒေ နဲ့အညီသာ ဖြစ်ဖို့လိုပါတယ်။  အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ် ဖြစ် အကုန်လုံး ဥပဒေရဲ့အောက် မှာပဲရှိပါတယ်။ ဥပဒေရဲ့အပေါ် မှာ မည်သူမျှရှိလို့မရဘူး။ ဒါကို အလေးအနက်ထားဖို့လိုပါတယ်’’ ဟု ၀န်ကြီးချုပ်က သတိပေးညွှန် ကြားသည်။

မေလ ၂၃ ရက်က မြိတ်မြို့ နယ်တွင်ခရိုင်၊ မြို့နယ်ဌာနဆိုင် ရာများ၊ ပြည်သူများနှင့် တနင်္သာ ရီတိုင်းအစိုးရအဖွဲ့ တွေ့ဆုံပွဲအ ခမ်းအနားပြုလုပ်ရာ ဦးမြင့်မောင် က အထက်ပါအတိုင်း သတိပေးခဲ့ သည်။

ထို့အပြင် အဂတိလိုက်စား သည်ဟုဆိုရာ၌  ငွေကြေးရယူခြင်း တစ်ခုတည်းကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ အဂတိတရားလေးပါး ကင်းရှင်း၍ မှန်မှန်ကန်ကန် လုပ် ကိုင်ဆောင်ရွက်ရန်လိုသည်ဟု  ဌာနဆိုင်ရာဝန်ထမ်းများအားညွှန်  ကြားသည်။

လာဘ်ပေးမှု၊ စာချုပ်စည်း ကမ်းချိုးဖောက်မှုတို့ကြောင့် အဂ တိလိုက်စားမှုဖြင့်  ယခင်ဝန်ကြီး ချုပ်ဟောင်းဒေါက်တာ လဲ့လဲ့မော် နှင့်အတူ တရားစွဲခံနေရသည့် GGS ကုမ္ပဏီကို တိုင်းအစိုးရ အဖွဲ့က ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း ဆက်လက်လုပ်ခွင့်ပြုရန်ဆုံးဖြတ် ခြင်းမှာ ဥပဒေနှင့်မညီကြောင်း ပြည်သူများနှင့် ၀ါရင့်ဥပဒေပညာ ရှင်များကပါ ထောက်ပြနေသည်။

တွေ့ဆုံပွဲတွင် ဒေသခံများ က မြေယာပြဿနာများ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ် ဆောင်ပေးရန်ကိစ္စ၊ စာချုပ်စည်း ကမ်းချိုးဖောက်သည့် လျှပ်စစ် ကုမ္ပဏီများအား အရေးယူရန် ကိစ္စအပါအ၀င် ဘောလုံးပွဲ လောင်းကစားဒိုင်များ ဖမ်းဆီးအ ရေးယူပေးရေးကိစ္စများ တင်ပြပြီး ၀န်ကြီးချုပ်ကမူ GGS ကုမ္ပဏီ ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း ပြောဆိုခဲ့ခြင်းမရှိပေ။

ဒေသခံပြည်သူများ တင်ပြ သည့်အချက်အလက်အားလုံးကို မှတ်တမ်းတင်၍ အစိုးရအဖွဲ့က ဥပဒေနှင့်အညီ ဖြစ်စေရန် ဆောင် ရွက်ပေးမည်ဟု ၀န်ကြီးချုပ်ဦးမြင့် မောင်က ကတိပြုပြောကြား သည်။ တနင်္သာရီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်သစ် ဦးမြင့်မောင်သည် ၀န်ကြီးချုပ်တာဝန် စတင်ထမ်း ဆောင်ပြီးနောက် တိုင်းအတွင်းရှိ မြို့နယ်အသီးသီးသို့ သွားရောက် ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ် နေခြင်းဖြစ်သည်။

No comments:

Post a Comment