Friday, May 24, 2019

ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်ခြင်းမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင် ခင်သဇင်ပြောကြား

ဟာသသရုပ်ဆောင် ကစ်ကစ်သည် ယနေ့ (မေ ၂၃) ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သရုပ်ဆောင် ခင်သဇင်အား ဆက်သွယ်မေးမြန်းရာတွင် ကွယ်လွန်သည့် သတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းင်းကပြောကြားခဲ့သည်။ “ မဆုံးပါဘူး မောင်လေးရယ် အစ်မလည်းအခု Post တင်တော့မလို့ပါ” ဟု သရုပ်ဆောင် ခင်သဇင်က မေ ၂၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ပြောကြားခဲ့သည်။ သရုပ်ဆောင် ခင်သဇင်မှာ ဟာသသရုပ်ဆောင် ကစ်ကစ်အား အနီးကပ်ပြုစု စောင့်ရှောက်နေသူ တစ်ဦးဖြစ်သည်။ ဟာသသရုပ်ဆောင် ကစ်ကစ်မှာ ကျောက်ကပ်ရောဂါ ခံစားနေရသူတစ်ဦးလည်း ဖြစ်သည်။

No comments:

Post a Comment