Friday, May 24, 2019

ရန်ကုန်တွင် ဖူဆယ်အားကစားရုံ တည်ဆောက်ရန် ဖီဖာက ကန်ဒေါ်လာနှစ်သန်း ထောက်ပံ့

ရန်ကုန်မြို့၌ နိုင်ငံတ ကာအဆင့်မီ ဖူဆယ်အားကစား ရုံသစ်တည်ဆောက်ရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံကန် ဒေါ်လာနှစ်သန်းထောက်ပံ့မည် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ြ မန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ဖူဆယ်အားကစားရုံ သစ်တည်ဆောက်ရန် ၂၀၁၈ က FIFA Forward Program ဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ တင် ပြတောင်းခံပြီး ဖီဖာကခွင့်ပြု ကြောင်း ယခုနှစ်မေလတွင် အ ကြောင်းပြန်ခဲ့သည်။
‘‘တကယ်က ပရောဂျက်က ဧပြီလကတည်းက အောက်ခြေ မှာ အားလုံးစလုပ်နေပါပြီ။ ဖီဖာ က အတည်ပြုချက်က ခုမှရတာ ပါ။ လက်ရှိ ဖူဆယ်ပွဲတွေလုပ်နေ ပေမယ့် အဖွဲ့ချုပ်က ကွင်းပိုင် မဟုတ်ဘဲ သုဝဏ္ဏမိုးလုံလေလုံကို ငှားရမ်းပြီး ကျင်းပရတာပါ။ ကွင်း သစ်ပြီးမယ်ဆိုရင်တော့ နောက် ပိုင်းနိုင်ငံတကာပြိုင်ပွဲတွေပါ အိမ် ရှင်အဖြစ် ကျင်းပပြုလုပ်မှုတွေ လုပ်သွားမှာပါ’’ ဟု ဘောလုံးအဖွဲ့ ချုပ်တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဆိုပါဖူဆယ်ကွင်းတည် ဆောက်ရေး ၂၀၁၈ ဒီဇင်ဘာ ၇ ရက်က တင်ဒါကြေညာပြီးနောက် အောင်မြင်သည့် Suntac ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် တည် ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်သည်။

ပရိသတ်နှစ်ထောင်ခန့်ဆံ့ ဖူဆယ် အားကစားရုံသစ်ကို သုဝဏ္ဏဘောလုံးကွင်း ကားပါ ကင်နေရာ၌ တည်ဆောက်နေ ပြီး ၂၀၂၀ နှစ်လယ်တွင် ပြီးစီး မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်သည် သုဝဏ္ဏဘော လုံးကွင်းမီးစင်မီးလုံးများ Flood Light အဆင့်မြှင့်တင်ရန် ကန်ဒေါ် လာတစ်သိန်းခွဲနှင့် လေ့ကျင့်ရေး ကွင်းသစ်အတွက် လိုအပ်မည့် ကန်ဒေါ်လာတစ်သိန်း၊ စုစုပေါင်း ကန်ဒေါ်လာနှစ်သိန်းခွဲကိုလည်း FIFA Forward Program အ တိုင်း ဆက်လက်တင်ပြမည်ဖြစ် ကြောင်း ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment