Friday, May 24, 2019

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်းခံနေရသည့် တနင်္သ࿿ာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို ရှစ်ကြိမ်မြောက်ရုံးထုတ်ပြီး တရားလိုပြသက်သေများအား ယနေ့ စတင်စစ်ဆေးမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့်တရားစွဲဆို၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကိုမေ ၂၃ ရက်နံနက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ရှစ်ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုအား ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ဘက်မှ လိုက်ပါဆောင်ရွက်နေ သည့် ရှေ့နေများက ဆက်လက်စစ်ဆေးကာ လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေများအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်နှင့် GGS  ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ လေးဦးကို ထားဝယ်အကျဉ်းထောင်မှတစ်ဆင့်ရဲတပ်ဖွဲ့ ကားလေးစီးဖြင့် တိုင်းဒေသကြီးတရားလွှတ်တော်ရုံးသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရုံးထုတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် တရားခွင် စတင်ကာ တရားလိုဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းအား ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက ရာဇာဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉) အမှုနှင့်ပတ်သက်၍စစ်မေးခဲ့သည်ဟု သိရသည်။

“ဒီနေ့ ၂၃ ရက် ၅ လ၂၀၁၉ ရက်နေ့ ရုံးချိန်းမှာ မနက် ၁၀ နာရီကနေ ၁၂ နာရီ ၁၅  မိနစ်အထိရယ်၊ နောက်ထမင်းစားနားပြီး တော့၁၃ နာရီကနေ ၁၅ နာရီ ၄၅ မိနစ်အထိရယ်ကို တနင်္သ࿿ာရီတိုင်းဒေသကြီး တရားလွှတ်တော်ရာဇဝတ်ကြီးအမှုအမှတ် ၄/၂၀၁၉ က တရားလိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို တရားခံဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံတို့ရဲ့ ရှေ့နေတွေကနေ ပြန်လှန်မေးမြန်းခဲ့ပါတယ်။ နောက်ရုံးချိန်းကိုတော့ ၂၄ ရက်နေ့ (မနက်ဖြန်) ကိုချိန်းဆိုထားတယ်။ အဲဒါကတော့ရာဇဝတ်ကြီးအမှုအမှတ် (၁/ ၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှုတွေက တရားလိုပြသက်သေ တနင်္သ࿿ာရီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဌ ဦးကြည်စိုးကို စစ်ဆေးဖို့ ချိန်းဆိုထားတာဖြစ်ပါတယ်”ဟု တနင်္သ࿿ာရီတိုင်းဒေသကြီးလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။


တရားခွင်စတင်ချိန်တွင် တရားလိုဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို တရားလိုရှေ့နေများက တနသာင်္ရ࿿ီတိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉)အတွက် စတင်စစ်မေးခဲ့ပြီး နှစ်နာရီခန့် စစ်မေးပြီးနောက် မွန်းလွဲ ၁၂ နာ ရီ ၁၅ မိနစ်ခန့်တွင် တရားခွင်ကို ခေတ္တရပ်နားခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီတွင် တရားခွင်ကို ပြန်လည်စတင်ခဲ့ပြီး ရာဇဝတ် ကြီးအမှုအမှတ်(၄/၂၀၁၉)အမှုအတွက် တရားလိုအား ဆက်လက်စစ်မေးရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် တရားခွင်ကိုရပ်နားကာ လာမည့်ကိုးကြိမ်မြောက်ရုံးချိန်းကို မေ၂၄ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

တရားခွင်အတွင်း၌ တရားလိုအား တရားခံဘက်မှ ရှေ့နေများက စစ်မေးရာတွင် သရက်ချောင်းမြို့ရှိ နေအိမ်နှင့်ပတ်သက်၍ ဒေါက်တာလဲ့လဲ့မော်နှင့် ゞင်း၏ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းတို့မှာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ ထိမ်းမြားလက်ထပ်ထားသူဖြစ်၍ ယင်းခရစ်ယာန် ထိမ်းမြားခြင်းဥပဒေအရ လင်ဖြစ်သူ၏ ပိုင်ဆိုင်မှုပစ္စည်းများ မယားနှင့်မဆိုင်၊ မယား၏ ပိုင်ဆိုင်မှုပစ္စည်းများ လင်နှင့်မဆိုင်ခြင်းကို သိရှိခြင်း ရှိမရှိ၊ သရက်ချောင်းမြို့ရှိ ゞင်းခြံဝင်းနှင့်နေအိမ်မှာ ဦးထွန်းမင်း လူပျိုဘဝ ကတည်းက ဝယ်ယူတည်ဆောက်ထားခြင်း နှင့် အိမ်ခြံမြေရောင်းဝယ်ခြင်း နှစ်ဦးသဘောတူစာချုပ်တွင် ဦးထွန်းမင်းတစ်ဦးတည်းသာ လက်မှတ်ရေးထိုးထားပြီး ဒေါက်တာလဲ့လဲ့မော်မှာ ရောင်းချသူ၊ အသိသက်သေအဖြစ်ပါဝင် လက်မှတ်ရေးထိုးထားခြင်းကို သိမသိတို့ကို တရားခံရှေ့နေက တရားလိုအား မေးမြန်းခဲ့သည်။ ထို့ပြင် GGS ကုမ္ပဏီ၏ သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ပုလောမြို့ မြို့တော်ခန်းမတည် ဆောက်ခြင်းလုပ်ငန်းများနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ ထိုသို့ခွင့်ပြုခဲ့ခြင်းမှာ ဒေါက်တာလဲ့လဲ့မော်၏ တစ်ဦးတည်းဆုံးဖြတ်ချက်မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးများတွင် အများသဘောတူ နည်းလမ်းတကျဆုံးဖြတ်ဆောင်ရွက်ခဲ့သည်ကို သိပါသလားဟု တရားခံရှေ့နေက မေးမြန်းခဲ့ရာ တရားလိုက ゞင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ယင်းလုပ်ငန်းများမှ အချို့ကို တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်စေခဲ့ခြင်းမှာ ဒေါက်တာလဲ့လဲ့မော်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၌ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အစည်းအဝေး၌ တာဝန်အရှိဆုံးသူဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

မေ ၂၃ ရက်တွင် တရားခံရှေ့နေများက တရားလိုအား စစ်မေးခဲ့သော အမှုဖြစ်သည့် ရာဇာဝတ်ကြီးအမှုအမှတ်(၄/၂၀၁၉)မှာ  ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ ゞင်း၏မိသား စုပိုင်ဆိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆) ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုးကျပ် ၃၂၁ ဒသမ ၄ သိန်းခန့်သာ တန်ဖိုးရှိသော်လည်း GGS ကုမ္ပဏီသို့ ကျပ်သိန်း ၂၀ဝ၀ ဖြင့် ရောင်းချခဲ့ပြီး GGS ကုမ္ပဏီအား သရက်ချောင်းငါးလေလံဈေး တည်ဆောက် ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ကာလတန်ဖိုးထက် အဆမတန်ဈေးနှုန်းဖြင့်ရောင်းချပြီး ဝယ်ယူသူများကို လုပ်ပိုင်ခွင့်များချပေး၍ အဂတိလိုက်စားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နှင့်  GGS ကုမ္ပဏီမှ MD  ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၅/၆၃ တို့ဖြင့်တရားစွဲထားသည့် အမှုဖြစ်သည်။

တရားလိုဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က <br> တိုင်းဒေသကြီးတရားလွှတ်တော်၏ ရာဇဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)တွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၂၄ ဦး၊ ရာဇဝတ်ကြီး အမှုအမှတ်(၂^၂၀၁၉)တွင် တရားလိုအပါ အဝင်တရားလိုပြသက်သေ ၂၅ ဦး၊ ရာဇဝတ် ကြီးအမှုအမှတ်(၃/၂၀၁၉)တွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၂၆ ဦး၊ ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉)တွင် တရား လိုအပါအဝင် တရားလိုပြသက်သေ ၂၃ ဦး စုစုပေါင်းအမှုတွဲလေးခုအတွက် တရားလိုပြ သက်သေ ၉၈ ဦးတင်သွင်းထားခဲ့ကြောင်းနှင့် လာမည့် ကိုးကြိမ်မြောက်ရုံးချိန်းမှစတင်ကာ တရားလိုပြသက်သေများကို စတင်စစ်ဆေး မည်ဟု သိရသည်။

No comments:

Post a Comment