Friday, May 24, 2019

နိုင်ငံခြားဘဏ်များ ထပ်မံဖွင့်လှစ်ခွင့်ပြုရန် ရွေးချယ်ရေး အကြံပေးကုမ္ပဏီအဆိုပြုလွှာဖိတ်ခေါ်

 ပြည်တွင်း၌ နိုင်ငံခြား ဘဏ်များ ထပ်မံဖွင့်လှစ်ခွင့်ပြုနိုင်ရေး အကြံပေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုရွေးချယ်ရန် အဆိုပြုလွှာကို ဗဟိုဘဏ်က မေလ ၂၃ရက်တွင် ခေါ်ယူသည်။ ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံခြား ဘဏ်များ တတိယအကြိမ် ထပ်မံခွင့်ပြုပေး ရန် ဗဟိုဘဏ်က စီစဉ်ခြင်းဖြစ်ပြီး နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့ က နိုင်ငံတကာအကြံပေးကုမ္ပဏီ တစ်ခုငှားရမ်း၍ ဝန်ဆောင်မှုရယူ ဆောင်ရွက်ရန် စီစဉ်နေသည်။



ထိုသို့ရွေးချယ်နိုင်ရန် အဆို ပြုချက်များပေးပို့ရန် ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ထားသော ကုမ္ပဏီ ရှစ်ခုထံ ပေးပို့ထားကြောင်း ဗဟို ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

‘‘အရင်ကအခုလိုအကြံပေး ကုမ္ပဏီနဲ့ ရွေးဖို့ကြေညာတာမျိုး မတွေ့ဖူးဘူး။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တယ်ထင်တယ်’’ ဟု နေ ပြည်တော်စည်ပင်သာယာဘဏ်  ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရေး ကြားခံနိုင်ငံခြားအကြံပေးကုမ္ပဏီ  ငှားရမ်းခြင်းသည် ဘက်လိုက်ရွေးချယ်မှု၊ လဘ်ပေး လဘ်ယူမှု ကင်းရှင်းစေနိုင်မည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ဝန်ဆောင်မှု ကုမ္ပဏီများ ငှားရမ်း ပြီး ရွေးချယ်သည့် အလေ့အထ ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ခဲ့သည်။ မြန်မာနိုင်ငံ၌ ရင်း နှီးမြှုပ်နှံခွင့်ပြုခဲ့သော နိုင်ငံခြား တယ်လီကွန်း ကုမ္ပဏီများကိုအ ကြံပေးဝန်ဆောင်မှု ကုမ္ပဏီများ ဖြင့် ရွေးချယ်ခဲ့ကြောင်း ဦးရဲမင်း ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တတိယအ ကြိမ် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုမည့် အစီအစဉ်ကို ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ပြီး ဗဟို ဘဏ်ခေါင်းဆောင်များက အသိပေးခဲ့သည်။ ၂၀၁၉ အတွင်း နိုင်ငံခြားဘဏ်များ ထပ်မံခွင့်ပြုရန် ရှိပြီး ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များသည် ရန်ကုန်မှလွဲ၍ မည်သည့်နေရာမျှ ဘဏ်ခွဲထပ်မံဖွင့်လှစ်ခွင့်မရှိဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုခြင်းနှင့်ပတ်သက်ပြီး ပြည် တွင်းဘဏ်လုပ်ငန်းများ စိုးရိမ်စ ရာမရှိကြောင်း၊ ပြည်တွင်းဘဏ် လုပ်ငန်းများ လုပ်ကိုင်သည့် လုပ် ငန်းများကို နိုင်ငံခြားဘဏ်များ က အားလုံးဝင်ရောက်လုပ်ကိုင် နိုင်မည်မဟုတ်ကြောင်း ဦးရဲမင်း ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ၂၀၁၈ နိုဝင်ဘာ ၈ ရက်ကစတင် ၍ နိုင်ငံခြားဘဏ် ၁၃ ခုဖွင့်လှစ် ခွင့်ပြုထားပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို ငွေးချေးခွင့် အပါအဝင် ပြည်တွင်းလက်လီ ဘဏ်လုပ်ငန်းကဏ္ဍများကို ဗဟို ဘဏ်က လုပ်ကိုင်ခွင့်ပေးထား သည်။

No comments:

Post a Comment