Friday, May 24, 2019

ဓနုဖြူတွင်ဆိုင်ကယ်မှ ဆိုက္ကားအားဝင်ရောက်တိုက်မိရာ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၁၇)ရပ်ကွက်၊ (၁၁)လမ်းထိပ်တွင် မေ ၂၃ရက်၊ နံနက် ၁၂း၁၅ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ စက္ကော့ကျေးရွာဘက်မှ ဓနုဖြူဘက်သို့ တောင်မှ မြောက်မောင်းနှင်လာသော ဆိုင်ကယ်နံပါတ်ပြားမပါ အမည်မသိ(အမည်စုံစမ်းဆဲ) မှ ယာဉ်ကြောတူရှေ့မှ သိန်းဇော် စီးနင်းပြီးနောက်တွင် နိုင်လင်းဦးလိုက်ပါသောဆိုက္ကားအား အရှိန်မထိန်းနိုင်ဘဲနောက်မှ ဝင်ရောက်တိုက်မိရာဆိုင်ကယ်နှင့် ဆိုက္ကား ၂ စီးစလုံးလဲကျတိမ်းမှောက်ကာအမည်မသိ ဆိုင်ကယ်မောင်းသူမှာနေရာတွင်ပင် သေဆုံးခဲ့ပြီးသိန်းဇော်မှာလည်း မြို့နယ်ပြည်သူ့ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။ ဆိုက္ကားနောက်မှ လိုက်ပါစီးနင်းသူ နိုင်လင်းဦးတွင်လည်း ယာဘက်ရင်ဘက်နာကျင်ဒဏ်ရာ၊ ယာခြေသလုံးဖူးရောင်၊ ပေါက်ပြဲဒဏ်ရာစိုးရိမ်ရရှိခဲ့သဖြင့် တရားခံအားဓနုဖြူမြို့မ ရဲစခန်းမှအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

No comments:

Post a Comment