Friday, May 24, 2019

လာလီဂါနှင့် ဘွန်ဒက်စ်လီဂါ ဝင်ငွေစံချိန်တင်သော်လည်း ပရီးမီးယားလိဂ်ထက် လျော့နည်း

ပရီးမီးယားလိဂ်အသင်း ၂၀ သည် ၂၀၁၇-၁၈ ဘောလုံး ရာသီအတွင်း စံချိန်တင်ဝင်ငွေ ပေါင် ၄ ဒသမ ၈၂၇ ဘီလီယံရရှိ ခဲ့ပြီး စုစုပေါင်းလစာ ပေါင် ၂ ဒသမ ၈ ဘီလီယံ သုံးစွဲခဲ့ကြောင်း ဂါးဒီးယန်းသတင်းဌာန၏ နှစ်စဉ် လေ့လာမှုအရသိရသည်။ ၂၀၁၆-၁၉ အတွက် ပရီးမီး ယားလိဂ်၏ ရုပ်သံထုတ်လွှင့်ခွင့်မှ ဝင်ငွေပေါင် ၈ ဒသမ ၄ ဘီလီယံ ရရှိခြင်းနှင့်အတူ ယင်းအသင်းများ ၏ စုစုပေါင်းဝင်ငွေသည် ဥရောပ ရှိ အခြားလိဂ်များထက် များစွာ သာလွန်သည်။



စပိန်လာလီဂါနှင့် ဂျာမန် ဘွန်ဒက်စ်လီဂါကလပ်များလည်း စံချိန်တင်ဝင်ငွေ ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်ကလပ်များ၏ စံချိန်တင်ဝင်ငွေနှင့် နှိုင်းယှဉ်ပါက များစွာ ကွာဟနေသည်။

လာလီဂါ၏ယခုလကြေညာသော စုစုပေါင်းဝင်ငွေသည်ပေါင် ၃ ဒသမ ၈၆ ဘီလီယံရှိပြီးယင်းမှာ ၂၀၁၇- ၁၈ ရာသီအတွက် လိဂ် နှစ်ခုပေါင်း အသင်း ၄၂ သင်းစလုံး၏ ဝင်ငွေဖြစ်ကာ ပရီးမီးယား လိဂ်တစ်ခုတည်းထက်ပေါင်တစ်ဘီလီယံ  လျော့နည်းနေသည်။

ဘွန်ဒက်စ်လီဂါတွင်လည်း လိဂ်နှစ်ခုပေါင်း ၃၆ သင်းစလုံးအ တွက် စံချိန်တင်ဝင်ငွေအဖြစ် ပေါင် ၃ ဒသမ ၈၈ ဘီလီယံရရှိ ခဲ့သည်။

ယခုရာသီ  ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲနှစ်ခုတွင် အင်္ဂလန်အ သင်းများသာ နေရာယူထားသ ဖြင့် ဆုကြေးဝင်ငွေများ၊ ရုပ်သံပြ သခွင့်များမှ ဝင်ငွေများနှင့်အတူ နောက်ထပ် ဝင်ငွေကွာဟချက် ကြီးမားလာနိုင်သည်။

ပရီးမီးယားလိဂ်တွင် မန်ယူ၊ မန်စီးတီး၊ လီဗာပူး၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့်စပါး ထိပ်တန်း ခြောက်သင်းနှင့် ကျန်အသင်းများ ၏ ဝင်ငွေကွာဟချက်လည်း ကြီး မားလွန်းနေသည်။

ဝင်ငွေပေါင် သန်း ၅၉၀ ဖြင့် ဝင်ငွေအကောင်းဆုံးကလပ် မန်ယူသည် ဝင်ငွေအနည်းဆုံး ဝက်စ်ဘရွန်းနှင့်  ဟက်ဒါဖီးလ်နှစ်သင်းစလုံးပေါင်း  ဝင်ငွေပေါင် ၁၂၅ သန်းထက်လေးဆပိုများသည်

No comments:

Post a Comment