Friday, May 24, 2019

ကရင်ပြည်နယ်ဝန်ကြီးတစ်ဦး ထပ်မံနုတ်ထွက်စာတင်၊ ပြည်နယ်အစိုးရအဖွဲ့တွင် ထွက်စာတင်သည့်ဝန်ကြီးနှစ်ဦးရှိလာ

ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်သော ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးသည် ပြည် နယ်အစိုးရအဖွဲ့သို့ နုတ်ထွက်စာ တင်ထားကြောင်း ပြည်နယ်ဝန် ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကအ  တည်ပြုပြောကြားသည်။ ယမန်နေ့ (မေလ ၂၃ ရက်) တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့သုံးနှစ် ပြည့်သတင်းစာရှင်းလင်းပွဲ၌ 7Day သတင်းထောက်၏ မေး မြန်းချက်ကို ၎င်းကထိုသို့အတည် ပြုဖြေကြားခြင်းဖြစ်သည်။



ဦးတေဇထွဋ်လှိုင်ထွေးနုတ် ထွက်သည်မှာ စီးပွားရေးကိစ္စ ကြောင့်ဖြစ်ပြီး ၎င်းတောင်းဆို သည်ကို လိုက်လျောပေးခြင်းမရှိ သဖြင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကပြောသည်။

‘‘နုတ်ထွက်တာ ဟုတ်ပါ တယ်။ အဲဒါလည်းစီးပွားရေးပေါ့ ကွယ်။ ပိုက်ဆံမပြေလည်တဲ့အခါ ကျတော့ သူတောင်းတာမရတော့ အန်တီ့ကိုစိတ်ဆိုးပြီးထွက်သွား တယ်။ ဖူဆယ်ကွင်းလုပ်ချင်တာ တို့။ ပိုက်ဆံလည်းအများကြီး တောင်းပြီးတော့ အန်တီကပေးမှ မပေးနိုင်ဘဲ၊ မပေးနိုင်လို့မပေးဘူး ပေါ့’’ ဟု ၀န်ကြီးချုပ်ကဆိုသည်။

ထိုသို့တောင်းဆိုသည်များ ကို လိုက်လျောခြင်းမရှိသဖြင့် နုတ်ထွက်စာတင်သည့်ကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးဦးတေဇထွဋ် လှိုင်ထွေးအား သဘောထားမ ပြည့်ဝဟု ၀န်ကြီးချုပ်ကမှတ်ချက် ပြုသည်။

‘‘အမှန်တော့ အန်တီက၊ ဒါက လေ၀န်ကြီးတစ်ယောက်အနေနဲ့ ဒီလိုမရှိရဘူးလေ။ သူ့ရဲ့ယုံကြည် ချက်၊ ခံယူချက်နည်းတယ်လို့ပဲ အန်တီ သဘောထားလိုက်ပါ တယ်’’ ဟု ၀န်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်ကပြောသည်။

အဆိုပါ နုတ်ထွက်စာတင် ထားသည့်ကိစ္စနှင့် ပတ်သက်၍ ကာယကံရှင် ဦးတေဇထွဋ်လှိုင် ထွေးကို ဆက်သွယ်မေးမြန်းရာ ‘‘အဲဒါနောက်မှပြောမယ်နော်။  နောက်မှ အားလုံးကိုပြောမယ်။ အခုဒီအတိုင်းမပြောသေးဘူး နော်။ အဲဒီကိစ္စဘာမှမပြောလို တော့ဘူး။ နောက်မှ၊ နောက်မှ’’ ဟု ဆိုကာဖုန်းချသွားသည်။

နုတ်ထွက်စာတင်ထားသည့် ဦးတေဇထွဋ်လှိုင်ထွေးသည် မေ လ ၂၃ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့သုံးနှစ်ပြည့် သတင်း စာရှင်းလင်းပွဲသို့ တက်ရောက် ခြင်းမရှိပေ။

 ဦးတေဇထွဋ်လှိုင်ထွေး နုတ်ထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊   သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက ‘‘သူ (ဦးတေဇထွဋ်လှိုင်ထွေး)က မြ၀တီမှာကျူးကျော်ရှင်းလင်းရေးလုပ်နေတယ်လေ။ ရုံးကိစ္စမြ၀တီမှာ ထိုင်ပြီးလုပ်နေတယ်’’ ဟုဆိုသည်။

ဦးတေဇထွဋ်လှိုင်ထွေးသည်  ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင် ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ(လူမျိုးစုမဲဆန္ဒနယ်) မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ကရင် ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီးဖြစ်လာ သူဖြစ်သည်။ ၎င်းသည် ၀န်ကြီး ရာထူးမှ နုတ်ထွက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရအ ဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာ   တင်ဝင်းကျော်သည်လည်း ကျန်း မာရေးကြောင့်ဟုဆိုကာ ယခုနှစ် ဆန်းက နုတ်ထွက်စာတင်ခဲ့ပြီး ဇွန်လ ၁ ရက်တွင် နုတ်ထွက်ခွင့်ပြု ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် အစိုးရသစ်တက်ပြီးနောက် ပိုင်းနုတ်ထွက်စာတင်သည့် ၀န်ကြီးနှစ်ဦးရှိလာပြီ ဖြစ်သည်။

No comments:

Post a Comment