Friday, May 24, 2019

လက်ရှိတွင် အသက် ၆၀ မှ ၈၀ ကြား အငြိမ်းစားဦးရေ ငါးသိန်းကျော်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပင်စင်နှင့် ဆုကြေး အသုံးစရိတ် ကျပ်သန်းပေါင်း ၈၁၇၉၀ဝ ဒသမ ၅၀ဝ လျာထား

လက်ရှိတွင် အသက်  ၆၀ မှ ၈၀ ကြား အငြိမ်းစားဦးရေ ငါးသိန်းကျော်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပင်စင်နှင့် ဆုကြေး အသုံးစရိတ် ကျပ်သန်းပေါင်း ၈၁၇၉၀ဝ ဒသမ ၅၀ဝ လျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း မေးမြန်းသော နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ကြသည့် ပင်စင်စား ဝန်ထမ်းများအကြား ရာထူး အဆင့်အလိုက် ပင်စင်ခံစားခွင့် ညီမျှမှုရှိစေရန်နှင့် သက်ကြီးရွယ်အို ပင်စင်စားများအား စနစ်တကျ တွက်ချက်၍ ゞင်းတို့၏ ဆန္ဒအရ ပင်စင် အပြီးခံစားခွင့် ရှိစေရန် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပါရှိခဲ့ခြင်း ဖြစ်သည်။



“လက်ရှိ အခြေအနေတွင် အသက် ၆၀ မှ ၈၀ အကြား အငြိမ်းစား ဦးရေမှာ စုစုပေါင်း ၅၃၃၈၉၂ ဦးရှိရာ လက်ရှိ ပင်စင်လစာ နှုန်းထားများအရ အနိမ့်ဆုံး ကျပ် ၇၅၆၀ဝ မှ အမြင့်ဆုံး ကျပ် ၂၈၈၇၅၀ ထိ ဖြစ်သည်ကို တွေ့ရှိရပါတယ်။ အကယ်၍ တစ်လုံးတည်း ပင်စင် လဲလှယ်ခွင့်ကို ကျပ် ၁၀ဝ၀ဝ အထိ သတ်မှတ်ပါက အငြိမ်းစား အနေဖြင့် ကျပ် ၁၂ သိန်းခန့် ရရှိနိုင်မည်ဖြစ်ပြီး အနိမ့်ဆုံး ဝန်ထမ်း အငြိမ်းစားသည် လက်ကျန် ကျပ် ၆၅၀ဝ၀ ခန့် လစဉ် ပုံမှန်ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ကျပ် ၁၀ဝ၀ဝ သတ်မှတ်မှုအတွက် နိုင်ငံတော်မှ ကျပ် ဘီလျံ ၆၀ဝ ခန့် ကုန်ကျမည်ကို တွက်ချက် ရရှိပါတယ်။ အလားတူ ကျပ် ၂၀ဝ၀ဝ သတ်မှတ်ပါက အငြိမ်းစားသည် ကျပ် ၂၄ သိန်းခန့် ရရှိနိုင်ပြီး နိုင်ငံတော်မှ ကျပ် ဘီလျံ ၁၀၈၈ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဆိုသည်။ ဆက်လက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပင်စင်ဆုကြေး အသုံးစရိတ် ကျပ်သန်းပေါင်း ၈၁၇၉၀ဝ ဒသမ ၅၀ဝ လျာထားပြီး နောက်ဆုံး ၂၀၁၉ ခုနှစ် တိုးမြှင့် ပင်စင်လစာ ခွင့်ပြုမှုအတွက် တစ်နှစ်လျှင် ပင်စင် အသုံးစရိတ် ကျပ် ၂၃၁ ဘီလျံခန့် ပိုမို သုံးစွဲရမည် ဖြစ်ကာ စုစုပေါင်း ပင်စင် အသုံးစရိတ် နှစ်စဉ် ကျပ် ၁၀ဝ၀ ဘီလျံ ဝန်းကျင်ခန့်အထိ ကျခံ သုံးစွဲလျက်ရှိကြောင်း၊ အဆိုပါ သုံးစွဲမှုတွင် လစဉ် ပင်စင်လစာများ အပါအဝင် ဝန်ထမ်း အငြိမ်းစား ယူသည့်အချိန်တွင် ゞင်း၏ တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်သက်ကာလအရ တွက်ချက် ခံစားခွင့်ပြုသည့် လုပ်သက်ကြေးလည်း အပါအဝင်ဖြစ်ပြီး လက်ရှိ လစာနှုန်းထားဖြင့် သက်ပြည့်ပင်စင် ယူသူ တစ်ဦးသည် လုပ်သက် ဆုကြေးအဖြစ် လုပ်သက် ၄၂ နှစ်ရှိ အနိမ့်ဆုံးအဆင့် ဝန်ထမ်းဆိုလျှင် ကျပ် ၃၂၃၄၀ဝ၀ ရရှိနိုင်ပြီး လုပ်သက် ၄၂ ရှိ အမြင့်ဆုံးအဆင့် ဝန်ထမ်းဆိုလျှင် ကျပ် ၁၁၅၅၀ဝ၀ဝ ရရှိနိုင်ရန် စီစဉ်ပေးထားကြေင်း ဒုတိယဝန်ကြီးက ဆိုသည်။

No comments:

Post a Comment