Friday, May 24, 2019

မြစ်ကြီးနားတွင် တရုတ်နိုင်ငံသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေ

 မြစ်ကြီးနားမြို့နယ် ပါဝါဖိုက်စတားကုမ္ပဏီအလုပ်သမား တန်းလျားတွင် တရုတ်နိုင်ငံသား တစ်ဦး ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးမှု၌ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ ကြောင်း မြစ်ကြီးနားမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက လုံဂါဇွတ်ကျေးရွာ ကွန်ကရစ်ပိုက်နှင့် ဓာတ်တိုင်များ ပြုလုပ်သည့် ပါဝါဖိုက်စတားကုမ္ပ ဏီအလုပ်သမားတန်းလျား၌ နေထိုင်သူ အသက်(၄၃)နှစ်ရှိ တရုတ်နိုင်ငံသား Mr. Li Shaoneng သည်လည်ပင်း၊ ရင်ညွန့်တို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။



‘‘ဘာကြောင့် အသတ်ခံရ တယ်၊ ဘယ်သူလုပ်တာလဲဆိုတာ စစ်ဆေးနေတုန်းပါပဲ။ တရားခံကို တော့ မမိသေးပါဘူး။ အဲဒီကုမ္ပဏီ ကလည်း လုပ်ငန်းရပ်ထားတာ နှစ်လလောက် ကြာပြီဆိုတော့ ဘာကိစ္စနဲ့ အချင်းများပြီး လူသတ် မှု ဖြစ်တယ်ဆိုတာ စုံစမ်းနေပါ တယ်။ အဲဒီတန်းလျားမှာနေတဲ့ တခြားသူတွေကို စစ်ဆေးနေပါ တယ်’’ဟု အထက်ပါရဲအရာရှိက ပြောသည်။ သေဆုံးသူ တရုတ်နိုင်ငံသား သည် ၂၀၁၈ ဒီဇင်ဘာက နယ်စပ်ဖြတ်သန်းခွင့် မှတ်တမ်းစာအုပ်ဖြင့် ကန်ပိုက်တီးနယ်စပ်စစ်ဆေး ရေးဂိတ်မှ ဝင်ရောက်လာခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ၁၄ ရက်တစ်ကြိမ် နေထိုင်ခွင့်သက်တမ်း တိုး၍ နေထိုင်ခဲ့ကြောင်း ရဲမှတ် တမ်းက ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ပြီး တရားခံကို ဖမ်း မိရေးစုံစမ်းစစ်ဆေးနေသည်။

No comments:

Post a Comment