Friday, May 24, 2019

လေပြင်းနှင့်မိုးကြိုးကြောင့် ဒေသခုနစ်ခုတွင် လူလေးဦး သေဆုံး၊ နေအိမ်အဆောက်အအုံ ၂,၂၀၀ ခန့်ပျက်စီး

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ် ခု၌ မေလ ၂၂ ရက်ညက လေ ပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ် အဆောက်အအုံ ၂,၂၀၀ ခန့်ထိ ခိုက်ပျက်စီးကာ လူလေးဦးသေ ဆုံးခဲ့သည်။  အနောက်တောင်မုတ်သုံ လေ ဝင်ရောက်ချိန် လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပေးထား ချိန်တွင် နေပြည်တော်၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းနှင့် ကယားပြည်နယ်၌ လေပြင်းနှင့် မိုးကြိုးဒဏ်ခံရပြီး ပျက်စီးဆုံးရှုံး မှုများ ကြုံတွေ့ခဲ့သည်။

မေလ ၂၂ ရက်ညနေကဖြစ် ခဲ့သည့် လေပြင်းနှင့် မိုးကြိုးဒဏ် ကြောင့် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးနှင့်တပ်ကုန်း မြို့နယ်တွင် နေအိမ်အဆောက်အ အုံ ၂၀၀ ခန့်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်၊ ပြည်၊ ကြို့ပင် ကောက်၊ သနပ်ပင်မြို့တို့၌ နေ အိမ်အဆောက်အအုံ ၈၀၀ ခန့်၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၁၀ ခု၌ နေအိမ်အဆောက်အအုံ ၈၀၀ ခန့်ထိခိုက်ပျက်စီးခဲ့ပြီး ပွင့် ဖြူ၊ မင်းဘူးမြို့တွင် စေတီတော် နှစ်ဆူ ထီးတော်မြေခခဲ့သည်။ မန္တလေးတိုင်းဒေသကြီး တောင် သာ၊ သာစည်၊ မလှိုင်နှင့် ပျော် ဘွယ်မြို့နယ်တွင် နေအိမ်အ ဆောက်အအုံ ၂၄၀ ခန့် ပျက်စီး ပြီး ရမည်းသင်းမြို့နယ်တွင် မိုး ကြိုးထိမှန်၍ နွားသုံးကောင်သေ ဆုံးသည်။ ရှမ်းပြည်နယ် မြို့နယ် ရှစ်ခုတွင် နေအိမ်အဆောက်အ အုံ ၈၀ ကျော်ပျက်စီးပြီး ကလော မြို့၌ မြေထိန်းနံရံပိ၍ အမျိုးသား တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရခဲ့သည်။ ဧရာဝတီတိုင်းဒေသ ကြီး အင်္ဂပူမြို့နယ်တွင် နေအိမ် အဆောက်အအုံ ၈၀ ခန့်ပျက်စီး ကာ ဇလွန်မြို့နယ်တွင် ကလေး ငယ်သုံးဦး မိုးကြိုးပစ်ခံရပြီး သေ ဆုံးခဲ့သည်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စပါး၊ ပြောင်းနှင့် ပဲဧက ၂၈၀ ခန့် ပျက်စီးခဲ့သည်ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘ကလေးတွေက မိုးရေချိုး နေရင်း မိုးကြိုးပစ်ခံရတာ’’ ဟု အ သက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကလေးငယ်သုံးဦး သေဆုံးသည့် ဖြစ်စဉ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာ နဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

လက်ရှိကာလသည် မြန်မာ နိုင်ငံသို့ အနောက်တောင်မုတ်သုံ လေဝင်ရောက်နေချိန်ဖြစ်ပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာ ရီတိုင်းဒေသကြီးနှင့် မွန်၊ ကရင်၊ ကယားပြည်နယ်တို့တွင် လေပြင်း နှင့် မိုးကြိုးအန္တရာယ်ဖြစ်စေသည့် မိုးတိမ်တောင်သတိပြုနေထိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။ ‘‘ဒီကာလသတိထားရမှာက လေပြင်းနဲ့ မိုးကြိုးပဲ။ မုတ်သုံက ဆက်ဝင်နေတယ်’’ ဟု ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

No comments:

Post a Comment