Friday, May 24, 2019

လာမည့်နှစ်တွင် အောင်သူကို ပြန်လည်ခေါ်ယူရန် စီစဉ်ထားဟု ရတနာပုံအသင်းပိုင်ရှင်ပြော

ထိုင်းလိဂ် - ၁ ကလပ် မြောင်တောင်ယူနိုက်တက်တွင် အငှား သွားရောက်ကစားနေ သည့် မြန်မာ့လက်ရွေးစင်တိုက် စစ်မှူးအောင်သူကို ၂၀၂၀ ဘော လုံးရာသီ၌ ရတနာပုံအသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်ထား ကြောင်းအသင်းပိုင်ရှင် ဒေါက် တာစိုင်းဆမ်ထွန်းက ပြောကြားသည်။ေ အာင်သူသည် ထိုင်းလိဂ် -၁ ပွဲစဉ် (၁၁) အထိ မြောင် တောင်အသင်း၌ မိနစ် ၃၃၀ သာ ပွဲထွက်ကစားခွင့်ရရှိပြီး ဂိုးဖန် တီးနိုင်မှု၊ ဂိုးသွင်းယူနိုင်မှုမရှိ သေးဘဲ ရုန်းကန်နေရသည်။



‘‘အောင်သူက မြောင် တောင်နဲ့ တစ်နှစ်ပဲစာချုပ်ချုပ် ထားတာပါ။ လာမယ့်နှစ်ကိုသူ့ ကို ပြန်ခေါ်ဖို့စီစဉ်ထားတယ်။ သူ့ကို နိုင်ငံခြားကလပ်အသင်း တစ်သင်းကို ရောက်စေချင်တယ်။ ပိုပြီးတော့ ဘောလုံးပညာ တိုး တက်စေချင်တယ်။ အဲဒီရည်ရွယ် ချက်တော့ ဖြစ်လာပေမယ့် နောက်ပိုင်းမှာ အခက်အခဲကြောင့် သူနေရာမရတာမျိုး ဖြစ်လာ တယ်။ မနှစ်က Police Tero ကနေမြောင်တောင်ကို ပြောင်း ပေးခဲ့တယ်။ မြောင်တောင်မှာကျ တော့လည်း ကံအားလျော်စွာ သူခြေစွမ်းမပြနိုင်ဘူး။ ဒါ့ကြောင့် သူ့ကို ပြန်ခေါ်ဖို့ စီစဉ်ဖြစ်တာပါ’’ ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။  ရတနာပုံ တိုက်စစ်မှူး အောင်သူသည် ယခုနှစ် ဘောလုံး ရာသီတွင် ထိုင်းလိဂ် - ၁ ကလပ် မြောင်တောင်အသင်းသို့ တစ်ရာ သီအငှားစာချုပ်ဖြင့် သွားရောက် ကစားနေသည်။

သို့သော် မြောင်တောင်ယူ နိုက်တက်သည် ယခုနှစ်တွင် ရလဒ်များ ဆိုးရွားနေပြီး နည်းပြ အပြောင်းအလဲ ဖြစ်ပေါ်ကာ အောင်သူလည်း ပွဲထွက်ကစား ခွင့်ရရန် ရုန်းကန်နေရသည်။

၂၀၁၉ ထိုင်းလိဂ်​ - ၁ ပွဲစဉ် (၁၁) အပြီးတွင်  မြောင်တောင် အသင်းက နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ခုနစ်ပွဲ ရှုံးနိမ့်ကာရှစ်မှတ်သာ ရရှိပြီး အမှတ်ပေးဇယားအောက် ဆုံးနေရာ၌ ကျရောက်နေသည်။ (၂၂) နှစ်အရွယ်အောင်သူသည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်းလိဂ် - ၁ ကလပ် Police Tero အသင်းသို့ အငှားသွားရောက် ကစားစဉ်က ခြေစွမ်းပြနိုင်ပြီးပွဲ ၃၀ ပွဲထွက်ခွင့်ရရှိကာ ၁၁ ဂိုးသွင်း၊ ရှစ်ဂိုးဖန်တီးနိုင်ခဲ့သည်။

No comments:

Post a Comment