Friday, May 24, 2019

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် မြန်မာအားကစားသမား ၇၀ဝ ကျော် စခန်းဝင် လေ့ကျင့်လျက်ရှိ

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအားကစားသမား ၇၀ဝ ကျော် စခန်းဝင် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားနည်းအားလုံး အတည်ပြုရွေးချယ်ခြင်း မရှိသေးသောကြောင့် ပထမအဆင့်ရွေးချယ်ထားသည့် အားကစားနည်းများ၊ ထပ်တိုးလာနိုင်သည့် အားကစားနည်းများကို ရန်ကုန်နှင့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်စေခြင်း ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ပထမအဆင့်အဖြစ် အားကစားနည်း ၁၄ မျိုး ရွေး ချယ်ထားပြီး
ယင်းအားကစားနည်းများအနက် ဘောလုံးအားကစားနည်းသာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏အစီအစဉ်ဖြင့် ပြင်ဆင်လျက်ရှိသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားနည်းများအနက် ၁၈ မျိုးမှာ ရန်ကုန်မြို့၊ ခုနစ်မျိုးမှာ နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည်။ အားကစားနည်း ၂၅ မျိုးတွင် အားကစားသမား ၇၀ဝ ကျော် ကျင့်နေခြင်းဖြစ်ပြီး အုပ်ချုပ်/နည်းပြ ၃၀ဝ ကျော်အပါအဝင် စုစုပေါင်းအင်အား ၁၀ဝ၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၃၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၁၄ မျိုးသာ ရွေးချယ်ရသေးသောကြောင့် ကျန်ရှိသည့်အားကစားနည်းများကို ဇူလိုင်မတိုင်မီ အပြီးသတ်ရွေးချယ်မည်ဖြစ်သည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးသည့် အားကစားနည်းများလည်း ပါဝင်လာသည်။ ထို့ပြင် E Sports အားကစားနည်းကို ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံး ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရည်စစ်ပွဲများကျင်းပ၍ ကစားသမားများ ရွေးချယ်မည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် အားကစားနည်း၊ ထပ်တိုးယှဉ်ပြိုင်ရန် လျာထားသည့် အားကစားနည်းများမှ အဖွဲ့ချုပ်တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ၊ လိုအပ်သည့် ထောက်ပံ့မှုများ၊ နည်းပြခေါ်ယူရန်နှင့် ပြည်ပ လေ့ကျင့်ရေးခရီးစဉ်အတွက် စီစဉ်နေမှုများကို တွေ့ဆုံဆွေးနွေး၍ ပံ့ပိုးပေးလျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လေးကြိမ်မြောက် ကျင်းပခွင့်ရ ခြင်းဖြစ်ပြီး ရွှေတံဆိပ် ၅၀ဝ ကျော် ချီးမြှင့်မည် ဖြစ်သည်။

No comments:

Post a Comment