Friday, May 24, 2019

မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို အာမခံမပေးဘဲ ဖမ်းဆီးရန် တရားရုံးအမိန့်ထုတ်

ဖမ်းဝရမ်းထုတ်ထား သော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့သည် ဆင့်ခေါ်ထားသည့် နေ့တွင် တရားရုံးရှေ့သို့ မလာရောက်သဖြင့် အာမခံမပေးဘဲ ဖမ်းဆီးခေါ်ဆောင်လာရန် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တရား သူကြီးက အမိန့်ထုတ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့် ခံထားရသော မိုက်ကယ်ကျော် မြင့်နှင့် သီဟမျိုးနိုင်တို့ကို မေလ ၂၃ ရက်တွင် တရားရုံးသို့ လာ ရောက်ရန် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားသူကြီးက ဆင့်ခေါ် ထားခြင်းဖြစ်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို ဖမ်းဆီး ရန် တစ်နိုင်ငံလုံးရှိ ရဲစခန်းများသို့ အကြောင်းကြားစာ ဖြန့်ဝေထား ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူတို့ကို အမှုနဲ့ ပြန်လည် တင်ပြဖို့ တရားရုံးက ထပ်ချထား တယ်။ ရဲတပ်ဖွဲ့က လာရောက်မှု မရှိဘူးဆိုပြီး တင်ပြတယ်။ အဲဒီ တော့ တရားသူကြီးက ခံဝန်မဲ့နဲ့ ထပ်တင်ပြဖို့ ထပ်ပြီး အမိန့်ထုတ် ထားတာပေါ့။ ပထမတစ်ခါတုန်း က အာမခံနဲ့ တင်ပြဖို့ ခေါ်ထား တာ။ အခုက အာမခံမပေးတာ့ ဘူးဆိုတဲ့ သဘောပေါ့’’ဟု အဆို ပါရဲအရာရှိက ပြောသည်။

ဖမ်းဝရမ်းထုတ်ခံထားရ သော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့သည် ၎င်းတို့ကို အမှုဖွင့်သည့် မေလ ၁၆ ရက်ည ၌ပင် ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်ပြီး လက်ရှိအချိန်၌ ကရင်ပြည် နယ်အတွင်း ရောက်ရှိနေသည်ဟု သတင်းကြားသိထားကြောင်း ၎င်း က ဆိုသည်။

မေလ ၁၆ ရက်စွဲပါ ဖမ်းဝရမ်းတွင် ဒဂုံမြို့သစ်တောင်ပိုင်း တွဲ ဖက်မြို့နယ် တရားသူကြီး(၃) ဦးမင်းထက်က လက်မှတ်ထိုး၍ မြို့နယ်စခန်းမှူးထံ ပေးပို့သည့် ဝရမ်းစာ၌ ‘ပုဒ်မ ၅၀၅(ခ)ကို ကျူး လွန်ကြောင်းနှင့် စွဲဆိုထားသည် ဖြစ်၍ သင်က မိုက်ကယ်ကျော် မြင့်ကို ဖမ်းဆီး၍ ရုံးတော်ရှေ့သို့ တင်ပို့ရမည်။ ဤအမိန့်ကို မပျက် ကွက်စေရ’ ဟု ရေးသားထား သည်။

ထို့အပြင် ‘မိုက်ကယ်ကျော် မြင့်သည် ဤရုံးတော်ရှေ့သို့ မေလ၂၃ ရက်တွင် လာရောက်ရန်၊ ဤ ရုံးတော်က အခြားနည်းအမိန့်ဆင့် ဆိုမှုမရှိမီအတွင်း ဆက်လက်လာ ရောက်ရန်နှင့် ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်သူနှစ်ယောက်ကို အာမ ခံပေးလျှင် ၎င်းအား လွှတ်ထားခွင့် ရှိသည်’ ဟု ပါရှိသည်။

မေလ ၁၅ ရက် ညက ဒဂုံမြို့သစ်တောင်ပိုင်း (၆၄)ရပ်ကွက်နှင့် (၁၀၆)ရပ်ကွက်ရှိ ဟာဂျီဦးတင်စိုး နှင့် ဦးရန်အောင်တို့နေအိမ်၌ အစ္စ လာမ်ဘာသာဝင်တို့၏ ဥပုသ်လ စုပေါင်းဝတ်ပြုဆုတောင်းပွဲပြု လုပ်ရာ မိုက်ကယ်ကျော်မြင့်ဦး ဆောင်၍ သံဃာအချို့အပါအဝင် အမျိုးသားရေးလှုပ်ရှားသူဟုဆို သူ ၁၀၀ ကျော်က ဝင်ရောက်တားဆီးပိတ်ပင်ခဲ့သည်။  ပုဒ်မ ၅၀၅(ခ) သည် ထောင် ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်သည်။

No comments:

Post a Comment