Friday, May 24, 2019

မကွေးတိုင်းအတွင်း ရေချိုငါးရရှိမှု ဒေသတွင်း စားသုံးမှုအတွက် မလုံလောက်ဟု တိုင်းငါးဦးစီးဌာနပြော

မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီမြစ်နှင့် အင်း၊ အိုင်၊ ချောင်းတို့မှ ရရှိသည့် ရေချိုငါးဖမ်းဆီးထုတ်လုပ်မှုသည် တိုင်းအတွင်းရှိ ပြည်သူများ  စားသုံးမှုနှင့် နှိုင်းယှဉ်လျှင် လုံလောက်မှုမရှိကြောင်း တိုင်းငါးလုပ်ငန်းဦးစီး ဌာန၏ ဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။ ယခုနှစ် ဧပြီအထိ မကွေးတိုင်းဒေသကြီးအတွင်း ရေချိုငါးထုတ်လုပ်နိုင်မှု ၈,၀၄၈ ပိဿာ ရှိခဲ့ကြောင်း ယင်းဌာနစာရင်းတွင် ဖော်ပြသည်။



‘‘မကွေးတိုင်းအတွင်းက ရေ ချိုငါးအားလုံး ဖမ်းဆီးရရှိမှုမှာ မကွေးတိုင်းအတွင်း စားသုံးဖို့အ တွက်ပဲဖြစ်ပါတယ်။ ပြင်ပကို တင်ပို့နိုင်မှုမရှိပါဘူး။ တိုင်းအတွင်း ထုတ်လုပ်နိုင်မှုထက် စားသုံးနိုင်မှု ကများတော့ လိုတောင်လိုနေပါ သေးတယ်’’ဟု ဦးစိုးလှိုင်မြင့်က ပြောသည်။

သဘာဝရေချိုသားငါးပေါ များရန် မိုးလေဝသနှင့် ရာသီဥတု မှန်ကန်၍ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရန် လိုအပ်သလို ရေလုပ်သားများက စည်းကမ်းဥပဒေများကို လိုက်နာပြီး ၎င်းတို့ဌာနအနေဖြင့် ကြီးကြပ်စစ်ဆေးမှုများကို အားကောင်းစွာ လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 မကွေးမြို့မှ ရေလုပ်ငန်း လုပ်ကိုင်သူ ဦးဆန်းဝင်းက ‘‘ငါး တွေရှားရတဲ့ အဓိကအချက်မှာ စည်းကမ်းဥပဒေတွေကို မလိုက် နာတာပဲ။ ကျွန်တော့်အတွေ့အ ကြုံအရ ဝိုင်ယာရှော့ခ်တိုက်ဖမ်း တာ အဆိုးဆုံးပဲ။ ဆေးချဖမ်းတာ တွေ၊ မိုင်းခွဲဖမ်းတာတွေလည်း ပါတာပေါ့။ ငါးသားပေါက်ချိန် ငါး မဖမ်းရဆိုပေမယ့် တရားဝင်တင် ဒါအောင်ထားသူတွေက မဖမ်းကြ ပေမယ့် တရားမဝင် ဖမ်းနေတဲ့သူ တွေက ဘာစည်းကမ်းမှ မလိုက် နာဘဲ ဖမ်းကြတာက ခက်တာပဲ’’ ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၄ ၌ ရေချိုငါးလုပ်ငန်းနှင့်ပတ် သက်၍ တိုင်းလွှတ်တော်၏ဥပဒေ အမှတ်(၄)၊ ပုဒ်မ ၃၇ တွင် ပြဋ္ဌာန်း ချက်အရ ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ ဓာတုအဆိပ်အတောက် ဖြစ်စေသည့် ပစ္စည်း၊ ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်း၊ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်း၊ တားမြစ်ထားသည့် အချိန်၊ တား မြစ်ထားသည့် ငါးအရွယ်အမျိုးအ စား စသည်တို့ကို ဖော်ပြထားပြီး မလိုက်နာပါက ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးစိုးလှိုင်မြင့်က ပြောသည်။ ယင်းအချက်များကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၄၉ အရ ဌာနအနေဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး ငွေဒဏ်ကျပ်သုံးသိန်းဖြစ်စေ၊ ထောင်ဒဏ်သုံးနှစ်ဖြစ်စေ (သို့မဟုတ်) နှစ်ရပ်စလုံးဖြစ်စေ ကျခံရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

No comments:

Post a Comment