Friday, May 24, 2019

ပြည်မြို့နယ် ကန်ကလေးကျေးရွာအနီး ရန်ကုန်မှ ပုဂံသို့ထွက်ခွါလာသည့် အမှတ်(၆၁) အဆန်ရထားဘီးချော်မှု ဖြစ်ပွားကာ ခရီးသည် ၆၀ဝ ကျော် စောင့်ဆိုင်းရွေ့ပြောင်းပေးခဲ့ရ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ် ကန်ကလေးကျေးရွာအနီး ရန်ကုန်မှ ပုဂံသို့ ထွက်ခွာလာသည့် အမှတ်(၆၁) အဆန်ရထား ဘီးချော်မှုဖြစ်ပွားကာ ခရီးသည် ၆၀ဝ ကျော် စောင့်ဆိုင်း ရွေ့ပြောင်းပေးခဲ့ရကြောင်း အထူးတန်းရုံပိုင်ကြီးထံက သိရသည်။ အဆိုပါ ရထားမှာ ရန်ကုန်မှထွက်ခွာလာပြီး မေလ(၂၄) ရက်နေ့ နံနက် ၁၂ နာရီ ၂၅ မိနစ်တွင် ပြည်မြို့နယ် တီတွဒ်နှင့် ဒုရင်္ဂ္ဗိုလ်ကြား မိုင်တိုင်(၁၆၄) အရောက် ဘီးနံပါတ် ၁၂၃ မှာ ရထားလမ်းအတွင်းသို့ ကျခဲ့ပြီး ဘီးနံပါတ် ၆၈ မှာ အပြင်သို့ ချော်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ရထားက ဘီးချော်သွားတာပါ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကတော့ မသိသေးဘူး စုံစမ်းစစ်ဆေးရအုံးမှာပါ ခရီးသည်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူး သူတို့ကို ရထားချိန်းပြီး ပို့ဆောင်ပေးဖို့ လုပ်နေပါပြီ” ဟု တွဲထိန်းကြီးကြပ် ညီညီထွေးက ပြောသည်။ ရန်ကုန်မှ ပုဂံသို့ ထွက်ခွာလာသည့် ရထားတွင် ခရီးသည် ၆၄၀ ဦး၊ ပုဂံမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ရထားတွင် ခရီးသည် ၆၃၀ ဦး လိုက်ပါလာခဲ့ပြီး ယင်းခရီးသယ်များအား ရထားချိန်းပြောင်းကာ ခရီးဆက်နိုင်ရန် စီစဉ်ရွေ့ပြောင်းလျှက်ရှိကြောင်း ゞင်းက ဆက်လက်ပြောသည်။

“အောက်ကမြေသား မခိုင်ခန့်လို့ ကျွံသွားတာ အခု ဟိုဘက်ရထားနဲ့ ဒီဘက်ရထား ချိန်းပေးထားတယ် ရန်ကုန်ကနေ ပုဂံကို သွားမှာ ပုဂံဘက်ကလာတဲ့ ရထားနဲ့ ချိန်းပေးထားတယ် အခိုက်တန့် နှောင့်နှေးကြန့်ကြာမှုတွေ ရှိတယ် ကျသွားတာ ရှေ့ဘီးလေးဘီးပဲ တစ်တွဲလုံးမဟုတ်ဘူး နှောင့်နှေးမှုတွေရှိတယ် အခုချိန်ဆို ပင်းချောင်းလောက်ကို ရောက်နေပြီ” ဟု ခရီးသည်တစ်ဦးဖြစ်သူ ဦးကျော်ခိုင်က ပြောသည်။

ပြင်ဆင်မှုများအား နံနက်(၉) နာရီဝန်းကျင်တွင် ပြီးစီးမည်ဖြစ်ကာ ဆက်လက်ခရီးဆက်နိုင်မည်ဖြစ်ကာ ယခင်ကလည်း ပြည်အထွက် ရွှေတံခါးဘူတာအနီးတွင် တွဲချော်တိမ်းစောင်းမှုဖြစ်ပွားခဲ့ဖူးကာ ခရီးသယ်များအား ကားများစီစဉ်ကာ ပို့ဆောင်ပေးခဲ့ရဖူးကြောင်း သိရသည်။

No comments:

Post a Comment