Friday, May 24, 2019

မူဆယ်နယ်စပ်ဂိတ်ကိုပိတ်၍ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်ကပြည်ဝင်ခွင့်ပိတ်

မူဆယ်နယ်စပ်တွင် နယ်စပ်ဂိတ်ပေါက်ကို ကားဖြင့် ပိတ်၍ ဆန္ဒထုတ်ဖော်မှုနှင့်ပတ် သက်ပြီး တရုတ်နိုင်ငံကျယ်ဂေါင် မြို့တွင်နေထိုင်သော မြန်မာနိုင်ငံ သားတစ်ဦးကို တရုတ်လ၀က က ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ မူဆယ်မြို့နှင့် နယ်ချင်းထိ စပ်နေသော တရုတ်နိုင်ငံကျယ် ဂေါင်မြို့နေ ကိုသိန်းဌေးနိုင်ကို တရုတ်လ၀ကဌာနက ပြည်ဝင်ခွင့်ပိတ်ခြင်းဖြစ်ကြောင်း  ကိုသိန်း ဌေးနိုင်၏  မိသားစုဝင်တစ်ဦးက မေလ ၂၃ ရက်တွင် ပြောသည်။

ကိုသိန်းဌေးနိုင်သည် မူ ဆယ်နယ်စပ်ရှိ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ဝင်၊ ထွက်ချိန်ကို တ ရုတ်ဘက်က လျှော့ချသည့်အပေါ် မြန်မာအချို့က မေလ ၁၇ ရက် နံနက်တွင် ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ ပြည်ဝင်ခွင့်ပိတ်ခံ ရခြင်းဖြစ်သည်။ ယာဉ်မောင်းတစ် ဦးဖြစ်သူ ကိုစိုင်းနောင်က ၎င်း၏ ကားနှင့် ကိုဇော်မင်းနိုင်၏ကားကို မြန်မာဘက်ခြမ်းနယ်စပ်ဂိတ်တွင် ပိတ်၍ ဆန္ဒထုတ်ဖော်ရာ တရုတ် လ၀ကအရာရှိက မြန်မာပိုင်နက် အတွင်းဝင်၍ ကိုစိုင်းနောင်ကိုဖမ်း ချုပ်ခဲ့သည်။

ကိုစိုင်းနောင်က ရုန်းကန်နေစဉ် မြန်မာနိုင်ငံသားအချို့က ၀င်ဆွဲလုယူ၍ ကိုစိုင်းနောင် လွတ်မြောက်ခဲ့သည်။

သို့သော် မေလ ၁၈ ရက်တွင် တရုတ်ရဲတပ် ဖွဲ့ဝင်အချို့က ကိုစိုင်းနောင်၏ သူငယ်ချင်း ကျယ်ဂေါင်မြို့နေ ကိုဇော်မင်းနိုင်နှင့် ကိုသိန်းဌေးနိုင်ကိုဖမ်းဆီးခဲ့သည်။

ကိုသိန်းဌေးနိုင်ကို မေလ ၁၇ ရက်က နယ်စပ်ဂိတ်၌ ဆန္ဒ ထုတ်ဖော်မှုတွင် တာဝန်ရှိသည် ဟု ၀န်ခံစေကာ အမှုဖွင့်ပြီးနောက် ယင်းနေ့ညနေတွင် ပြန်လွှတ်ကာ မြန်မာနိုင်ငံသို့ ပြန်စေခဲ့သည်။ တရုတ်ဘက်ခြမ်းသို့ ပြန်ဝင်၍ ရကြောင်း တရုတ်လ၀ကကကတိ ပေးခဲ့ပြီး အမှန်တကယ်ပြန်ဝင် ချိန်မှသာ ပြည်ဝင်ခွင့်ပိတ်ထား သည်ကိုသိခဲ့ရသည်ဟု ကိုဇော် မင်းနိုင်က ပြောသည်။ ‘‘ဆန္ဒပြတဲ့ အထဲမှာမပါဘဲနဲ့ အပြစ်ဝန်ခံခိုင်း ပြီး ပြည်ဝင်ခွင့်ပိတ်လိုက်တာ’’ ဟု ကိုသိန်းဌေးနိုင်၏ အစ်ကို ကိုဇော်မင်းနိုင်က ပြောသည်။ ကိုဇော်မင်းနိုင်နှင့်အတူ ကျယ်ဂေါင်တွင် ဈေးရောင်းချ သည့်အလုပ် လုပ်နေသည့် ကို သိန်းဌေးနိုင်သည် လက်ရှိတွင် မူ ဆယ်မြို့၌နေထိုင်ပြီး တရုတ်နိုင်ငံ သို့ တရားဝင်ပြန်ဝင်ခွင့်ရရေး ကြိုးစားနေသည်။ ကိုသိန်းဌေးနိုင် ပြည်ဝင်ခွင့်ပိတ်ခံရသည့်သတင်း ကို ကြားသိထားပြီး အကယ်၍ တရားဝင်လာရောက်အကြောင်း ကြားပါက နှစ်နိုင်ငံနယ်ခြားကော် မတီအစည်းအဝေးတွင် တရုတ် ဘက်သို့ ရှင်းလင်းတင်ပြပေးမည် ဟု မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ကျော် မိုးက ပြောသည်။

No comments:

Post a Comment