
ကေပေါ့ပ် ယောက်ျား လေးအဆိုရှင်အဖွဲ့မှ တေချောင်း သည် တပ်ကြပ်ကြီးတစ်ဦးအဖြစ် စစ်ဘက်တာဝန်ထမ်းဆောင်မှုအ ဆုံးသတ်ကာ စစ်တပ်မှအပြင်သို့ ပြန်ထွက်ခွင့်ရခဲ့သည်။ ဂျော်ဂျီပြည်နယ် အီဆန်မြို့ တွင် အပြင်ပြန်ရောက်လာသော တေချောင်းက ‘‘ကျွန်တော်စိတ် လှုပ်ရှားပြီး အိပ်မရခဲ့ဘူး။ အချိန် အကြာကြီးနေပြီးမှ ကင်မရာရှေ့ ပြန်ရောက်လာတော့ ကိုယ့်ကိုယ် ကိုယ်ဘယ်လိုနေမှန်းတောင်မသိ ဘူး’’ ဟု တေချောင်းက ပြော ကြားပြီး ယနေ့နံနက်ပင် ထရမ်း ပတ်သံဖြင့် နိုးထခဲ့ရသဖြင့် မိမိအ နေဖြင့် အပြင်ပြန်ရောက်လာ သည်ကို မယုံနိုင်သေးကြောင်း ၎င်းကဆက်လက်ပြောသည်။ ပရိသတ်အများအပြားလာ ရောက်ကြိုဆိုခဲ့သည်ကို ကျေးဇူး တင်ကြောင်း တေချောင်းကပြော ကြားသည်။ 2 pm အဖွဲ့ဝင်ချန်ဆွန်းက တေချောင်းကို လာရောက်ကြို ဆိုပြီး ၎င်းတို့နှစ်ဦးရင်းနှီးစွာနှုတ် ဆက်ခဲ့သည်။
No comments:
Post a Comment