‘‘The Maze Club နဲ့က ပထမဆုံး အလုပ်လုပ်ဖူးတာပါ။ ဖွင့်တာလည်း သိပ်မကြာသေး ဘူး။ မီးတွေရော၊ Sound System တွေကရော အသစ်ပုံစံဖြစ်နေတဲ့ အတွက် ပရိသတ်တွေလည်း သီချင်းနားထောင်တဲ့အချိန်မှာ ရော၊ အဲဒီကလပ်ထဲမှာနေတဲ့အ ချိန်မှာရော အစစအရာရာကျေ နပ်နေမှာပါ’’ဟု ၎င်းက ပြော သည်။
နှစ်စဉ် တစ်နှစ်တစ်ပွဲကျင်းပ ရသည့် ပွဲရည်ရွယ်ချက်နှင့် ပတ် သက်ပြီး X-Box က ‘‘အဓိကက တော့ မှတ်တမ်းတွေ ရချင်လို့ ပေါ့။ သေးသေးလေးကနေ အ ကြီးကြီးထိသွားချင်တဲ့အတွက် လောင်စာလေးတွေ ဖြည့်တဲ့ သဘောပေါ့’’ဟု ၎င်းက ပြော သည်။
၎င်းကျင်းပနေကျ ပွဲပုံစံများအတိုင်း ကခုန်မည်ဖြစ်သကဲ့သို့ ပရိသတ်များနှင့် နီးနီးကပ်ကပ် တွေ့ဆုံမည်ဟု ဆိုသည်။
‘‘ပရိုမိုးရှင်း Trend က သိပ် မရှိတော့ဘူးလို့ ထင်တယ်။ တစ် ခါတလေ လူဆိုတာ ကိုယ့်အမြင် နဲ့ သူ့အမြင်တူချင်မှ တူမှာပေါ့ နော်။ အဆိုတော်တွေကတော့ ကျွန်တော်အပါအဝင် ပရိုမိုးရှင်း ပွဲလုပ်မှ ယုံကြည်မှုပိုရှိကြတာများ တယ်။ ဒါပေမဲ့ ကျွန်တော်က ပရို မိုးရှင်းပွဲမလုပ်ဘဲ ဒီလိုပွဲလေးတွေ ကို စမ်းကြည့်တာပါပဲ။ ပွဲကို သေးသေးလေးကနေ အကြီးကြီး ထိ သွားမယ်’’ဟု ၎င်းက ပြော သည်။
ယင်းပွဲအတွက် လက်မှတ် များကို City Mart များ၊ Market Place အပြင် Genius, Run Ygn နှင့် The Maze Club များတွင် ရောင်းချနေပြီဖြစ်သည်။ လက်မှတ်ဈေးနှုန်းများကို ရိုးရိုး ကျပ် ၁၀,၀၀၀ နှင့် အထူးဝိုင်း လူခြောက်ဦးစာကို ကျပ် ၁၅၀,၀၀၀ ဖြင့် သတ်မှတ်ထား သည်။ ‘‘လူဦးရေ သုံး၊ လေးရာ လောက်ပါပဲ။ Indoor ပဲလုပ်ရ တာကလည်း မိုးရွာရင် အဆင် မပြေဘူးဖြစ်လိမ့်မယ်။ ရန်ကုန် မြို့ ရာသီဥတုက မှန်းလို့မရဘူး။ နောက်ပူတဲ့အတွက် မခံစားနိုင် ဘူး။ အဲဒါကြောင့် အဲကွန်းနိုင်တဲ့ နေရာလေးတစ်ခုကိုရွေးပြီး အေး အေးဆေးဆေးလေး သီချင်းကို ခံစားစေချင်လို့ပါ’’ဟု X-Box က ပြောသည်။
No comments:
Post a Comment