ဖရန့်ဖတ်ကို ၁၉၉၉ မှ ၂၀၀၁ အထိ နည်းပြခဲ့သော နည်း ပြ မာဂတ်က ဂျိုဗစ်အနေဖြင့် ပိုမို တိုးတက်လာမည်ဟု မျှော်လင့်နေ သည်။
‘‘လူကာဂျိုဗစ်က ဘွန်ဒက်စ် လီဂါနဲ့ ယူရိုပါလိဂ်မှာ တစ်ရာသီ လုံး ပုံမှန်ဆိုသလို ဂိုးသွင်းခဲ့တယ်။ သူ့လိုကစားသမားမျိုးက အသင်း ဖော်တွေကပိုပြီး ဖန်တီးမှု၊ ပံ့ပိုးမှု တွေ ပိုလုပ်ပေးမယ်။ ရီးရဲလ်မက် ဒရစ် (ဒါမှမဟုတ်) ဘာစီလိုနာလို အသင်းအတွက် ကစားရင် ဂိုးရှေ့ မှာ ပိုပြီးထက်မြက်မယ်ဆိုတာ သံ သယမရှိပါဘူး’’ ဟု ဖရန့်ဖတ် နည်းပြဟောင်းက ပြောသည်။
ဖရန့်ဖတ်သည် ဂျိုဗစ်၏ဂိုး များဖြင့် အခက်အခဲများကို အန် တုကာ ယူရိုပါလိဂ်အကြိုဗိုလ်လု ပွဲသို့ တက်ရောက်ကာ ယင်းမှာ ၁၉၈၀ ပြည့်နှစ်က ယူအီးအက်ဖ် အေဖလား ရရှိပြီးနောက် အ ကောင်းဆုံး ဥရောပစွန့်စားမှုဖြစ် သည်။
ထိုအတောအတွင်း လူကာ ဂျိုဗစ်ကို ရီးရဲလ်က ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူပြီဟု ဂျာမနီစကိုင်းရုပ် သံက ပြောကြားသည်။ ဂျိုဗစ်အား ခေါ်ယူမှုကို လာ မည့်သီတင်းပတ်ဘွန်ဒက်စ်လီဂါ ရာသီအဆုံးသတ်ချိန်၌ ရီးရဲလ်က တရားဝင်ကြေညာမည်ဟု စပိန် ASသတင်းကလည်း ဖော်ပြ သည်။
No comments:
Post a Comment