
၁၇.၅.၂၀၁၉ ရက်နေ့၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဒေါင်းနေတံတားအတက်တွင်မကွေးမြို့နယ်ဘက်မှ ချောက်မြို့နယ်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်နှင့်ချောက်မြို့နယ်ဘက်မှ မကွေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တို့သည် အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားကြောင်း ၁၃း၁၅ အချိန်သတင်း ရရှိသဖြင့် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှသန္ဓေ (၁၈)ဦးနှင့်ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၀) ဦး၊ သူနာတင်ယာဉ် (၂) စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် သေဆုံးသူ ကျား(၁)ဦး၊ မ(၁)ဦး၊ ဒဏ်ရာရရှိသူ ကျား(၅)ဦး (မစိုးရိမ်ရ)၊ ကျား(၃)ဦး (စိုးရိမ်ရ)နှင့် မ(၂)ဦး(မစိုးရိမ်ရ)တို့အား မကွေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်
No comments:
Post a Comment