ပထမရင်သွေးသည် (၁)နှစ် နှင့် ခြောက်လရှိပြီဖြစ်ပြီး ဒုတိယ ရင်သွေးကို နိုဝင်ဘာတွင် မွေး ဖွားမည်ဖြစ်သောကြောင့် ရင် သွေးနှစ်ဦးစလုံး မွေးလတူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အိမ်ထောင်ပြုပြီးချိန်တွင် စီးပွားရေးလုပ်ရန် စဉ်းစားသော် လည်း လက်ရှိ၌ ကလေးကိုအချိန် ပေးရကြောင့် စီးပွားရေးကို ထင်သလောက် မလုပ်ဖြစ်သေး ကြောင်း သဉ္ဇာနွယ်ဝင်းက ပြော သည်။
အိမ်ထောင်ပြုပြီးချိန်က တည်းက အနုပညာအလုပ်များ မလုပ်ဖြစ်သကဲ့သို့ လက်ရှိတွင် ကလေးကို အချိန်ပေးနေရသော ကြောင့် အနုပညာအလုပ်လုပ်ဖြစ် မည်မဟုတ်ကြောင်း ၎င်းကဆို သည်။ ‘‘အခုချိန်အထိ သဉ္ဇာကို ချစ်တဲ့ပရိသတ်တွေရော၊ သား လေးကို ချစ်တဲ့ပရိသတ်တွေရော၊ သဉ္ဇာတို့ မိသားစုကိုချစ်တဲ့ ပရိ သတ်တွေကို ကျေးဇူးတင်ပါတယ်’’ဟု သဉ္ဇာနွယ်ဝင်းက ပြောသည်။
No comments:
Post a Comment