တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာ ခံစတုတ္ထနေ့ကို ယမန်နေ့(မေလ ၁၇ရက်)က ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပရာ ညီလာခံသဘာပတိအ ဖြစ်တာဝန်ယူသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ၎င်း၏ မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြား သည်။
‘‘လက်ရှိအစိုးရရဲ့ တစ်နှစ်ခွဲ မျှသာ ကျန်နေတဲ့သက်တမ်းမှာ လုပ်ဆောင်စရာတွေများလှမယ် လို့ထင်တယ်။ ရခိုင်အရေးအခင်း အပါအ၀င် လက်နက်ကိုင်ပဋိပက္ခ များ လျှော့ချရေး၊ ရပ်တန့်ရေး၊ NCA ကတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) အား လုံး ပါဝင်လာနိုင်ရေးနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြိုတင်ပြင် ဆင်ရေးများကိုလည်း တစ်ပြိုင် နက်တည်း ကြိုးစားလုပ်ဆောင်နေ တာတွေ့ရပါတယ်’’ ဟု ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။
တပ်မတော် အနေဖြင့်လည်း တစ်ဖက်သတ်အပစ်အခတ်ရပ် စဲရေးကို နှစ်ကြိမ်ဆက်တိုက် ကြေညာခဲ့ပြီး တစ်စုံတစ်ရာညှိ နှိုင်းပူးပေါင်းလုပ်ဆောင်လိုသည့် အနေအထားကို ပြသခဲ့ကြောင်း၊ ထို့ကြောင့် ICC တင်ပို့ရေး၊ UN လူ့အခွင့်အရေးကော်မရှင်၏စုံ စမ်းရေးများနှင့် နိုင်ငံတကာဖိအား များကို အတိုင်းအတာတစ်ခုအ ထိ လျှော့ချလာသည်ကို တွေ့ရ ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ပျက်စီးစေသည့် တရားခံဖြစ် မည့် အခြေအနေမှလည်း ရုန်း ထွက်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
‘‘ဒီလိုအစိုးရရော တပ်မ တော်ပါ တစ်စုံတစ်ရာ ရုန်းကန် နေရချိန်မှာ ကျွန်တော်တို့ EAO များဟာ တိုင်းပြည်အတွက် အ ကောင်းဆုံးပေးဆပ်နိုင်သူများအ ဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ဖို့ ကြိုးစားဖို့ အကောင်းဆုံးအချိန်ပါ ပဲ။ အဖွဲ့ အစည်းအသီးသီးမှာအ စဉ်အလာရှိတဲ့ ခေါင်းဆောင်များ ကို ထိုက်တန်တဲ့နေရာပေးပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ် ဒုတိယတန်း၊ တတိယတန်းခေါင်း ဆောင်တွေက အားသွန်ခွန်စိုက် အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။
မတူညီမှုများရှိသော်လည်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ကွဲပြားခြားနားမှုရှိပါက လည်း ပုံကြီးမချဲ့ဘဲ အနီးကပ် ဆုံးဖြစ်စေရန် စိတ်ရှည်စွာကြိုးစား ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်နိုင်ငံရေး တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် အဆုံးအဖြတ်ပေး သည့်နေရာ၌ ရှိနေရမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
‘‘ကိုယ်ကညံ့လို့ မကျန်ခဲ့ အောင်၊ ချန်ထားခြင်းမခံရအောင် သတိ၊ ပညာ၊ ဉာဏ်အမြော်အမြင် အားလုံးအသုံးပြုကြရမှာ ဖြစ်ပါ တယ်’’ဟု ၎င်းက ဆိုသည်။
ညီညွတ်မှုကို တည်ဆောက် ရန်ခက်ခဲနေခြင်းသည် တန်းတူ ရည်တူအသိအမှတ်ပြုမှု၊ အပြန် အလှန်လေးစားမှု မရှိ၍ဖြစ် ကြောင်း၊ ဖက်ဒရယ်စနစ်၏ စံ နမူနာကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက စံပြဖော်ဆောင် ရန်လိုအပ်ကြောင်း PNLO ဦး ဆောင်နာယကက ပြောသည်။
‘‘အဖွဲ့ကြီးတယ်၊ ငယ်တယ်၊ ဧရိယာကျယ်တယ်၊ ကျဉ်းတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆို တာကြောင့် အချင်းချင်းအကြား ခွဲခြားလိုစိတ်နဲ့ ပြောတာတွေ၊ ဆက်ဆံတာတွေက ညီညွတ်ရေး ကို လုံးဝအထောက်အကူမပြုပါ ဘူး။ EAO များအားလုံးဟာ စနစ် တကျ စုဖွဲ့ထားတဲ့အဖွဲ့အစည်း များဖြစ်ကြပြီး သူ့လူမျိုးနဲ့သူကိုယ် စားပြုနေကြတဲ့ EAO များသာဖြစ် ကြတယ်။ အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းဟာ အောက် ခြေအဆင့်၊ ဒေသန္တရအဆင့်မှာ ဖက်ဒရယ်အလေ့အကျင့် စတင် လေ့ကျင့် ပျိုးထောင်ခြင်းပဲဖြစ်ပါ တယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။
ငါးရက်ကြာကျင်းပမည့် ချင်းမိုင် ထိပ်သီးခေါင်းဆောင်များ ညီလာခံ၌ သဘာပတိတာဝန်ကို အလှည့်ကျဆောင်ရွက်ရာ ပထမ နေ့တွင် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်ဆစ်၊ ဒု တိယနေ့တွင် ကရင်အမျိုးသားအ စည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုး၊ တတိယ နေ့တွင် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP) ဒုဥက္ကဋ္ဌခိုင်စိုးနိုင် အောင်တို့ တာဝန်ယူခဲ့သည်။ ယခု ထိပ်သီးအစည်းအဝေး တွင် ရပ်တန့်နေသည့် NCA ဆိုင် ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန် လည်အစပြုနိုင်ရေး နည်းလမ်းရှာ ဆွေးနွေးနေခြင်းဖြစ်ပြီး မေလ ၁၈ ရက်ထိ ကျင်းပရန် သတ် မှတ်ထားသည်။
No comments:
Post a Comment