
အစ္စရေးနိုင်ငံတဲလ် အဗစ်မြို့တွင် စနေနေ့ (ယနေ့) ကျင်းပမည့် Eurovision သီချင်း ဆိုပြိုင်ပွဲ၌ ပေါ့ပ်ကြယ်ပွင့်မက်ဒေါ နားသည် ၎င်း၏သီချင်းသစ် Future အပါအ၀င် သီချင်းနှစ်ပုဒ် ဖျော်ဖြေမည်ဖြစ်သည်။ မက်ဒေါနား (၆၀) နှစ်သည် အဖွဲ့ဝင် ၃၅ ဦးပါဝင်သောသံပြိုင် အဖွဲ့နှင့်အတူ Like A Prayer သီချင်းကို သီဆိုဖျော်ဖြေမည်ဖြစ် ကာ ပြိုင်ပွဲနားချိန်အတွင်း အမေ ရိကန်ရက်ပ်ပါကွာဗိုနှင့်အတူ ၎င်း ၏ သီချင်းသစ် Future ကိုဖျော် ဖြေမည်ဖြစ်ကြောင်း Eurovision ပြိုင်ပွဲအရာရှိများကအတည်ပြု သည်။ ယခု Eurovision ပြိုင်ပွဲ၌ ဖျော်ဖြေမှုသည် ကလေးခြောက် ဦး မိခင်မက်ဒေါနား၏ အစ္စရေး နိုင်ငံ၌ စတုတ္ထမြောက်ဖျော်ဖြေမှု ဖြစ်မည်ဖြစ်ပြီး ၎င်းသည် ၁၉၉၃၊ ၂၀၀၉ နှင့် ၂၀၁၂ ကအစ္စရေး၌ ဖျော်ဖြေခဲ့သည်။ မက်ဒေါနားက မိတ်ဆက် ရန်စီစဉ်ထားသော သီချင်းတွင် နိုင်ငံရေး သတင်းစကားတစ်ခုပါ ၀င်နေသောကြောင့် ၎င်းဖျော်ဖြေ မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြိုင်ပွဲစီစဉ်သူများနှင့် အချေအ တင်ဆွေးနွေးခဲ့ရကြောင်း ဧပြီက သတင်းများထွက်ပေါ်ခဲ့သည်။
No comments:
Post a Comment