Saturday, June 15, 2019

မုံရွာမြို့ရှိ စတိုးဆိုင်များမှ ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိ တားမြစ်အလှကုန်ပစ္စည်းများ သိမ်းဆည်းရမိ

မုံရွာမြို့ရှိ စတိုးဆိုင်များမှ ကျပ် ၁၀ သိန်းခန့်တန်ဖိုးရှိ တားမြစ် အလှကုန်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းလင်း အောင်က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး အ စားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန တာဝန်ရှိသူများ သည် ဇွန်လ ၁၂ ရက်က မုံရွာမြို့ရှိ စတိုးဆိုင်ရှစ်ဆိုင်ကို ရှောင်တ ခင်ဝင်ရောက်စစ်ဆေးရာ စတိုး ဆိုင်ခုနစ်ဆိုင်မှ ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိ တားမြစ်အလှကုန် ၁၆ မျိုး သိမ်းဆည်းရမိသည်။



‘‘မုံရွာမြို့ပေါ်က စတိုးဆိုင် တွေကို ပထမအကြိမ် ရှောင်တခင်ဝင်ရောက်ရှာဖွေတဲ့အခါ တားမြစ် အလှကုန် ၁၆ မျိုးနဲ့ ဆေးဝါးသုံးမျိုးကို သိမ်းဆည်းရမိခဲ့တာပါ။ တား မြစ်အလှကုန်တွေအနေနဲ့ FDA က တရားဝင်ထုတ်ပြန်ကြေညာ ထားသလို စတိုးဆိုင်အနေနဲ့ အိမ် သုံးဆေးဝါးရောင်းချခွင့်လိုင်စင် မရှိဘဲ ဆေးဝါးရောင်းချတာတွေ့ လို့ ဆေးဝါးပါ သိမ်းဆည်းခဲ့ရတာပါ’’ဟု ဒေါက်တာထွန်းလင်း အောင်က ပြောသည်။

တရားမဝင် တားမြစ်အလှ ကုန်ပစ္စည်းများ သိမ်းဆည်းပြီး စတိုးဆိုင်များအနေဖြင့် နောက်နောင်တွင် ရောင်းချခြင်းမပြုရန် ဝန်ခံကတိလက်မှတ်ရေးထိုး၍ အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

စားသုံးသူများအနေဖြင့် သုံး စွဲရန်မသင့်သော တားမြစ်အလှ ကုန်ပစ္စည်းများကို သိရှိစေရန် စစ်ကိုင်းတိုင်းဒေသကြီး အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနလူမှုကွန်ရက်စာမျက်နှာ ၌ သတိပေးချက် ထုတ်ပြန်ထား သည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် က မုံရွာမြို့ သာစည်ဈေးနှင့် သံ လမ်းဈေးတွင် ရောင်းချနေသော အင်္ဂလိပ်အက္ခရာ(1) အမှတ်အ သားပါ ပဲပြားအစိုတုံးများ၌ ခွင့်မပြုဓာတုပစ္စည်း ဖော်မယ်လင်များပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်။ အဆိုပါပဲပြားများ ဝယ်ယူရောင်းချခြင်း၊ စားသုံးခြင်းမပြုရန် နှင့် ထပ်မံဝယ်ယူရောင်းချပါက အမျိုးသားအစားအသောက်ဥပ ဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

No comments:

Post a Comment