
ယင်းဆုတောင်းပွဲတွင် မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ၊ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါစေ၊ ဗုဒ္ဓသာသနာတော် အန္တရာယ်ကင်းပါစေ၊ ဗုဒ္ဓသာသနာတော် နှင့် သံဃာတော်များ ဖိနှိတ်ချုပ်ချယ် ခံရခြင်းမှ ကင်းဝေးကြပါစေ စသည့် ဆုတောင်းစကားများရွတ်ဆိုခဲ့ကြသည် ။
``ရန်ကုန်မှာ ချီတက်တဲ့ပွဲတွေမှာ ဒါကတော့ ဥပဒေနဲ့အညီလုပ်တာပေါ့ ။ ငြိမ်းစုစည်နဲ့ ဖမ်းတယ်ဆိုတာ ။ ဒါပေမယ့် ဘာမှ မပါပဲနဲ့ ဘာမဆိုင်ညာမဆိုင် ဘေးနားမှာ ပါသွားတာတွေလည်းရှိတယ်။ ဘုရားမှာ ရိုးရိုးဆုတောင်ရုံတော့ ဖမ်းဆီးတာမရှိပါဘူး။´´ ဟု အရှင်ဣန္ဒဝီရ (လှည်းကူး) က မိန့်သည် ။
မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားတွင် လာရောက်ဆုတောင်းသည့် သံဃာတော်များကို သံဃနာယက ဆရာတော်၊ တိုင်းသာသနာရေး ၊ ထွေအုပ် တို့က ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ဖြင့် စီတန်းလှည့်လည် စုဝေးရန် ပြောကြားပြီး ဆုတောင်းခွင့်ပြုခဲ့သည် ။ အဆိုပါ ဆုတောင်းပွဲနှင့် ပတ်သက်၍ တိုင်းသာသနာရေးဦးစီးမှူးက အထက်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည် ။
No comments:
Post a Comment