
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်အား အမေရိကန်ဆီ လွှဲပြောင်းမှာ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဇွန် ၁၄ ရက်နေ့က လန်ဒန် ၀က်မင်စတာ တရားရုံးအပြင်ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ တရားခံလွှဲပေးရေး တောင်းဆိုချက်ကို ဗြိတိန်ပြည်ထဲရေး ၀န်ကြီးက တရားဝင်တယ်လို့ ပြောပြီးနောက်မှာ အက်ဆန်ထောက်ခံသူတွေက ဆန္ဒပြကြတာပါ။ ဒါကြောင့်မို့ ၀ီကီလိခ်တည်ထောင်သူ အက်ဆန်ဟာ သူလျှိုပြစ်မှုနဲ့ အမေရိကန်နိုင်ငံမှာ ရုံးတင်စစ်ဆေးခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုအခါ အက်ဆန်ဟာ အာမခံရှောင်မှုနဲ့ လန်ဒန်မြို့အကျဉ်းထောင်အတွင်း သီတင်းပတ် ၅၀ ထောင်ဒဏ်ကျခံနေပါတယ်။
အက်ဆန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စုံစမ်းစစ်ဆေးရေးအတွက် ဆွီဒင်နိုင်ငံ လွှဲပြောင်းမှာကို ရှောင်ရှားတဲ့အနေနဲ့ လန်ဒန်မြို့ အီကွေဒေါသံရုံးအတွင်း ၂၀၁၂ ခုနှစ်က ၀င်ရောက်ခိုလှုံခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာတော့ လန်ဒန်ရဲတပ်ဖွဲ့ဟာ အီကွေဒေါသံရုံးထဲ ၀င်ရောက်ပြီး အက်ဆန်ကို လက်ရဖမ်းဆီးခဲ့ပါတယ်။
No comments:
Post a Comment