
လက်ရှိ ဘုရင့်နောင်ပွဲရုံအား အခြားနေရာသို့ပြောင်းရွှေ့ပေးရန်လည်း ပြောကြားထားခြင်းမရှိကြောင်း၊ အစိုးရသို့ လွှဲပြောင်းပေးနိုင်ရန်အတွက် အထက်ဌာနများမှ စနစ်တကျဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း ပွဲရုံလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပေးထားမည်ဖြစ်ကြောင်း ဦးမိုးမင်းဝင်းက ပြောကြားသည်။ “အခုကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိ ပြည်သူတွေ ဆွေးနွေးညှိနှိုင်းတာတွေလုပ်နေတယ်။ မနှစ်ကလည်း ဘုရင့်နောင်ပွဲရုံအတွက် သိန်းပေါင်း ၁၆၀ဝ၀ ကျော်ချထားပေးတယ်။ မနှစ်ကလည်း သိန်းပေါင်း ၆၀ဝ၀ ကျော်ချထားပေးတယ်။ ဘုရင့်နောင်ပွဲရုံတန်း အဆင့်မြှင့်ပေးဖို့အတွက် ဘတ်ဂျက်ချထားပေးတာဖြစ်တယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ဘုရင်နောင့်ပွဲရုံဝင်းသည် တပ်မတော်ပိုင်မြေဖြစ်သဖြင့် သက်တမ်းပြည့်ပါက စည်ပင်သို့ ဆက်လက်ငှားရမ်းခြင်းမပြုတော့ဘဲ ပွဲရုံအား အခြားနေရာသို့ ပြောင်းလဲဖွင့်လှစ်ရန် ဆောင်ရွက်နေသည်ဟု ပျံ့နှံ့နေသည့် ကိစ္စများသည် လုံးဝမဟုတ်မှန်ကြောင်း ဦးရန်ရှင်းက ပြောကြားသည်။
“ဘုရင့်နောင်ပွဲရုံက ကာကွယ်ရေးဝန်ကြီးဌာနအပိုင်ပါ။ နှစ် ၃၀ ငှားရမ်းထားတာ၊ ၂၀၂၀-၂၀၂၁ မှာ ငှားရမ်းတာပြည့်ပါပြီ၊ ထပ်တိုးဖို့အတွက် ညှိနှိုင်းတာတွေလုပ်နေတယ်။ ငှားရမ်းခနဲ့ ပတ်သက်ပြီး အခွန်အခငှားရမ်းခတွေတိုးဖို့ဆိုပြီး ညှိနှိုင်းတာတွေ ပြုလုပ်နေတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး” ဟု ဦးရန်ရှင်းက ပြောကြားသည်။
ဘုရင့်နောင်ပွဲရုံသည် အခြေခံစားသောက်ကုန်ဖြစ်သည့် ကုန်ခြောက်များအား မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချပေးနေသည့် အဓိကနေရာဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment