Saturday, June 15, 2019

ပြည်တွင်းရွှေဈေး ကျပ်ဆယ်သိန်းရှစ်သောင်းငါးထောင်အထိ စံချိန်တင်မြင့်တက်

 ပြည်တွင်းရွှေဈေးနှုန်း သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ်ဆယ်သိန်းရှစ်သောင်း ငါးထောင်သို့ ဇွန်လ ၁၄ ရက်က စံချိန်တင်မြင့်တက်ခဲ့သည်။ ဇွန်လ ၁ ရက်က အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ် သိန်းလေးသောင်းရှစ်ထောင်ဈေး ရှိရာမှ ရက်သတ္တနှစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာ ခြင်းဖြစ်သည်။ြ ပည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်ရခြင်းသည် ကမ္ဘာ့ရွှေ ဈေးနှုန်း မြင့်တက်လာခြင်း ကြောင့်ဟု မြန်မာနိုင်ငံရွှေလုပ် ငန်းရှင်များဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။



အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ဖြစ်ပွားနေသော ကုန်သွယ်ရေး စစ်ပွဲ၏ အကျိုးဆက်ဟုလည်း ၎င်းကဆိုသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဗဟိုဘဏ်များ မှ အတိုးနှုန်းလျှော့ချမည့်သတင်း များက နိုင်ငံတကာငွေကြေးနှင့် အရင်းအနှီးဈေးကွက်တွင် ပျံ့နှံ့ နေပြီး ယင်းကြောင့် ရွှေအပါအ ၀င် တန်ဖိုးမြင့်ကုန်ပစ္စည်းအချို့ ဈေးနှုန်းများမြင့်တက်နေသည်ဟု ဦးကျော်ဝင်းက ဆိုသည်။

‘‘နိုင်ငံတကာမှာတော့ ငွေ ကြေးဖောင်းပွမှုဖြစ်ပြီး ရွှေဝယ်လို အားကတက်နေတယ်။ ကမ္ဘာ့ရွှေ ဈေးနှုန်းက ဆက်တိုက်တက်လာ တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်း သည် ရွှေတစ်အောင်စလျှင် ကန် ၁,၃၄၆ ဒေါ်လာအထိ ရောက်ရှိ လာသည်။ အဆိုပါဈေးနှုန်းကဇွန် လနှစ်ပတ်အတွင်း ၄ ရာခိုင်နှုန်း ခန့် မြင့်တက်လာခြင်းဖြစ်သည်။ ဇွန်လဆန်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁,၂၉၂ ဒေါ် လာဈေးရှိခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက် ခြင်း၊ ကျဆင်းခြင်းသည် ၀ယ်လို အားနည်းပြီး အရောင်းအ၀ယ် အေးသဖြင့် ပြည်တွင်းရွှေလုပ်ငန်း ရှင်များ မကြိုက်ကြောင်း ဦးကျော် ၀င်းက ပြောသည်။ ပြည်တွင်းရွှေဈေးမြင့်တက် နေသော်လည်း ကန်ဒေါ်လာတန် ဖိုးသည် ဇွန်လဒုတိယပတ် အ တွင်း အနည်းငယ်ကျဆင်းလာ သည်။ ဇွန်လဒုတိယပတ်၌ ပြည် တွင်းငွေကြေးဈေးကွက်တွင် ကန် ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာ လျှင် ၁,၅၃၅ ကျပ်အထိ အမြင့် ဆုံးရောက်ရှိပြီးနောက် ဇွန်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ၁,၅၂၄ ကျပ်သို့ ပြန်လည်ကျဆင်းသည်။

No comments:

Post a Comment