Saturday, June 15, 2019

ရှမ်းတောင်ဒေသထွက် စိန်တလုံး သရက်သီးများ တရုတ်ဝယ်လိုအား မြင့်တက်မှုကြောင့် ဈေးကောင်းရနေ

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ထွက်ရှိသည့် စိန်တလုံးသရက်သီး များကို မူဆယ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံပွဲရုံများတွင် တရုတ်၏ ဝယ်လိုအားမြင့်တက်မှုကြောင့် ဈေး ကောင်းရရှိနေကြောင်း သိရသည်။ 
၂ဝ၁၈ ခုနှစ် စိန်တလုံး သရက်သီးရာသီ အစဖြစ်သည့် ဇွန်လ ပထမပတ်နှင့် ရာသီကုန် ဇူလိုင်လအတွင်း မိုးရွာသွန်းမှု များပြားခြင်း၊ မန္တလေး၊ စစ်ကိုင်းထွက် သရက်များ နှင့် မူဆယ်ဈေးကွက်အတွင်း စုပုံ ရောက်ရှိခြင်း၊ အထွက်များခြင်းတို့ ကြောင့် သရက်သီးဈေးကွက် ပျက်လုနီးပါးဖြစ်ခဲ့ရသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်နှစ်က ၁၅ ကီလိုဂရမ်ဆံ့ ပလတ်စတစ်သရက်သီးခြင်းတစ် ခြင်းလျှင် ထူးရှယ်အဆင့် တရုတ်ငွေ ၆ဝ မှ ၆၅ ယွမ်၊ အသေးတစ်ခြင်း ၃ဝ မှ ၃၅ ယွမ်သာ ပေါက်ဈေးရှိခဲ့ ပြီး ယခုနှစ် ထူးရှယ်တစ်ခြင်းလျှင် ၁၉ဝ မှ ယွမ် ၂ဝဝ အသေးတစ်ခြင်း ၁၂ဝ မှ ယွမ် ၁၂၅ အထိ ဈေးရရှိ ပြီး ဇွန်လ ၇ ရက် တရုတ်ယွမ်ပေါက် ဈေးမှာ ၂၁၅ ကျပ်ရှိကြောင်း သိရသည်။ 
''ဒီတစ်နှစ်က အပွင့်စောတယ်။ မန္တလေး၊ စစ်ကိုင်းသီးတွေလည်း အ စောပြတ်သွားတယ်။ တရုတ်ပြည် ထိုင်ဝမ်သီးလည်း ဒီနှစ်စောစောကုန် တယ်။ ဒါကြောင့် ဈေးကွက်မှာ မ တိုက်တော့ ဈေးကောင်းတာ ဖြစ်နိုင် တယ်။ ဒါပေမဲ့ အသီးထွက်နှုန်းနည်း တယ်။ အသီးထွက်နှုန်းကျပြီး ဈေးမ ကောင်းတာနဲ့စာရင် အသီးနည်းပြီး ဈေးကောင်း ရလို့ စိုက်ပျိုးထုတ်လုပ် သူ တောင်သူတွေအဖို့ ခံသာတာပေါ့။ ရှမ်းပြည်တောင်ပိုင်းမှာ မိုးသီးအနည်းငယ် ထိတာ လေးတွေ ရှိပေမယ့် ရာ သီကုန်အထိ အရမ်းဈေးမကျလောက် ဘူးလို့ ထင်ပါတယ်''ဟု ရှမ်းပြည် နယ်တောင်ပိုင်း သရက်စိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဌ ဦးမြင့်ဦးမှ ကမ္ဘောဇတိုင်းသို့ ပြောပြသည်။ 
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်းတယနှင့် ဟိုပုံးမြို့နယ်တို့ အား သရက်စိုက်ပျိုးထုတ်လုပ်သည့် ဇုန် ၆ ခုအဖြစ် သတ်မှတ်ထားပြီး ရှမ်းပြည်နယ်တစ်ခုလုံး၌ သရက်စိုက် ဧက စုစုပေါင်း ၂ဝ၆၄၂ ဧကရှိ ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာ န၏ ကိန်းဂဏန်းများအရ သိရသည်။

No comments:

Post a Comment