

ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်က ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်မောင်လတ် ဦးစီးပူးပေါင်းအဖွဲ့က ဟန်ကဒိုင်းကျေးရွာအနီး အောင်ဇင်ဘာဆီအုန်းကုမ္ပဏီဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ သက် သာဆိုင်ဂိုဒေါင်နှင့် ဝန်ထမ်းအိမ်ရာဝင်းအတွင်းမှ တရားမဝင် အခြားသားသစ်ဆိုဒ်စုံ (၄၆၉)ချောင်း(၁၅.၂၅၂၂တန်)တို့ အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဟု ထုတ်ပြန်မှု့ တွင် ပါဝင်သည်။
စစ်မေးရာတွင် အောင်ဇင်ဘာကုမ္ပဏီဒါရိုက်တာ Mr. Pru Bam၏ ညွှန်ကြားချက်ဖြင့် ယင်းကုမ္ပဏီ၏မန်နေဂျာဖြစ်သူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နေ မလေးရှားနိုင်ငံသား Mr. Bah Simpong Bah (၆၀)နှစ်(ပတ်စ်ပို့နံပါတ် A 37081045၊ ဗီဇာနံပါတ် C 926259 လုပ်ငန်းဗီဇာ)က ကုမ္ပဏီအဆောက်အဦများဆောက်လုပ်ရန် ကုမ္ပဏီပိုင်လုပ်ကွက် အတွင်းရှိသစ်ပင်များကို တရုတ်ကြီးအား ခုတ်ခိုင်းပြီး ခွဲစိတ် ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
အရေးယူပေးရန် တိုင်တန်းချက်အရ Mr. Bah Simpong Bah အား ကရသူရိနယ်မြေရဲစခန်းက (ပ)၁၄/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၁(က)/၄၂ (က)ဖြင့်အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
No comments:
Post a Comment