ယင်းအတွက် နောင်တွင် တရားဥပဒေဆိုင်ရာ သတင်းရရှိ ပါက ပူးပေါင်းဆောင်ရွက်ရန် သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သို့ အသိပေးရန်၊ မလို အပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ်ဖြစ် ဖွယ် ပိတ်ဆို့၊ တားဆီး၊ ဖမ်းဆီး ရေးဆောင်ရွက်ပါက သက်ဆိုင် ရာဌာနဝတ်စုံဖြင့် တာဝန်ရှိသူပါရှိ စေရန် အသိပေးပြောကြားထား ပြီးဖြစ်သည်ဟု အမြန်လမ်းရဲတပ် ဖွဲ့က ဆိုသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ် သက်ပြီး လှည်းကူးမြို့နယ် သစ် တောဦးစီးဌာနမှူး ဦးတင်ထွဋ်က နေ့စဉ်နီးပါး ဖြတ်သန်းနေသည့် သစ်မှောင်ခိုယာဉ်များ ဖမ်းဆီး သည့်အပိုင်းတွင် အမြန်လမ်း ရဲတပ်ဖွဲ့၏ ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု တုံ့ပြန်သည်။ ယခုအမှုတွင်လည်း ဖမ်းမိခြင်းမရှိပေ။
‘‘အမြန်လမ်းရဲတပ်ဖွဲ့ကို ကျွန်တော်ဖုန်းဆက်တာ မနေ့က ဆိုရင် ဖုန်းကိုမချဘဲ ဆက်တာ ဘယ်လိုမှ အဆက်အသွယ်မရ ဘူး။ ကျွန်တော်ကတော့ သူတို့ ဝန်ကြီးဌာနကို တိုက်ရိုက်စာတင် မယ်လို့ မနက်က ပြောလိုက်တယ်’’ဟု ဦးတင်ထွဋ်က ပြောသည်။
သစ်မှောင်ခိုယာဉ်များသည် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးပေါ် နေ့စဉ်ဖြတ်သန်းမှုရှိပြီး ဖမ်းဆီးသည့်အပိုင်းတွင် သစ် တောရဲတပ်ဖွဲ့ရှိသော်လည်း လက်နက်နှင့် လူအင်အားလုံလောက် ခြင်းမရှိကြောင်း ဦးတင်ထွဋ်က ထပ်လောင်းပြောကြားသည်။ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ် ဖြတ်သန်းသည့် သစ်မှောင်ခိုယာဉ်များသည် ပဲခူး တိုင်းဘက်မှတစ်ဆင့် ဝင်ရောက် လာကာ ရန်ကုန်သို့ အဓိကထားပို့ဆောင်နေကြောင်း သစ်တောတာဝန်ရှိသူများက ပြောကြားထားသည်။ သစ်တစ်တန်လျှင် ကာလတန်ကြေး သိန်းရာဂဏန်းဈေးကွက်ရှိပြီး လိုင်စင်မဲ့ယာဉ်များဖြင့် အနည်းဆုံးပမာဏ နှစ်တန်ခန့် သယ် ဆောင်နိုင်ခြင်းကြောင့် မှောင်ခို ဈေးကွက် ကျယ်ပြန့်လာနေသည် ဟု သစ်တောဌာနက ထုတ်ပြန် သည်။
No comments:
Post a Comment