Saturday, June 15, 2019

ရဲအရာရှိလေးဦးကို အဂတိဖြင့် အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ မှူးတစ်ဦးအပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့် တရားစွဲ ဆိုအမှုဖွင့်နိုင်ရေး ဆောင်ရွက် နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယမန်နေ့တွင်ထုတ်ပြန်သည်။ ချမ်းအေးသာစံမြို့နယ် ရဲ တပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဥတ္တရ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး) သည် ဂိမ်းဆိုင်တစ်ခု ဖမ်းဆီးခံရခြင်း ကိစ္စနှင့်ပတ်သက်ပြီး အမှုကိစ္စ အဆင်ပြေနိုင်စေရန်အတွက် တ ရားခံဖခင်ထံမှ ငွေကျပ်နှစ်သိန်း ယူခဲ့ကြောင်း ကော်မရှင်ထုတ်ပြန် ချက်တွင် ပါဝင်သည်။



ထို့အပြင် စခန်းမှူးဖြစ်သူရဲ အုပ်ကျော်သူ (ယခုကမ္ဘာလှည့် ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့) က အမှုသက်သာစေရန်နှင့် အိုးဘို အကျဉ်းထောင်သို့ မပို့ဆောင် စေရေးအတွက် ငွေကျပ်လေး သိန်းကိုယူဆောင်ခဲ့ပြီး ယင်း အမှုကို စစ်ဆေးသည့် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံအား ညှဉ်းပန်းနှိပ်စက်ခြင်း မပြုစေရန် နှင့် အမှုကိစ္စအဆင်ပြေစေရန် အတွက်ငွေကျပ် တစ်သိန်းခွဲ အပြင်ဆိုင်ကယ်ပြန်လည် ရရှိ ရေးအတွက် ငွေကျပ်နှစ်သိန်း ခွဲကို ယူဆောင်ကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု ကော်မရှင်က သတင်းထုတ်ပြန်သည်။

ရဲအုပ်ကျော်သူသည် ချမ်း အေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် စခန်းမှူး ဖြစ်တာဝန်ထမ်းဆောင်စဉ် ကရာ ဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲ စခန်းအာမခံရရှိရန် ငွေကျပ် တစ်သိန်းခွဲနှင့်  ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ) အရဖွင့်လှစ် သည့်အမှုအတွက် အာမခံရရှိရန် ငွေကျပ် ၂၅ သိန်း ရယူမှုဖြင့် ဒုရဲအုပ် ကျော်နိုင်ဦးနှင့်အတူ ထပ်မံအမှုဖွင့်ခံထားရပြီး အမှု ပိတ်သိမ်းရန်အတွက် ကျပ်သိန်း တစ်ရာတောင်းရန် အားထုတ်ခဲ့ သေးကြောင်း ကော်မရှင်ထုတ်ပြန် ချက်၌ တွေ့ရသည်။ ထို့ကြောင့် ၎င်းတို့ကိုအဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရမန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့ နယ် အမှတ် (၃) နယ်မြေရဲ စခန်းတွင် ၂၀၁၉ ခုနှစ်ဇွန်လ ၁၉ ရက်တွင် တရားစွဲဆိုအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်က ထုတ်ပြန် သည်။

No comments:

Post a Comment