အကြီးဆုံး ဆော်ပေါလိုမြို့မှာတော့ ရထားအလုပ်သမားတွေက သပိတ်မှောက်ပွဲမှာ ပါဝင်တာကြောင့် ရထားခရီးစဉ်တွေ ထိခိုက်ခဲ့ပြီး ဘူတာရုံတချို့ ပိတ်ခဲ့ရတယ်လို့ ဒေသမီဒီယာက ဆိုပါတယ်။
ဆော်ပေါလိုမြို့ဟာ ကိုပါအမေရိကဖလားဘောလုံးပွဲ လက်ခံကျင်းပတဲ့ မြို့ဖြစ်ပြီး အဲဒီအခမ်းအနားကို သမ္မတ ဘော်ဆိုနာရို တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။
အဲဒီဆော်ပေါလို မြို့တွင်းနဲ့ ၀န်းကျင် လမ်းတွေ၊ လမ်းမတွေမှာ မော်တော်ကားတာယာတွေ မီးရှို့တာအပါအ၀င် လမ်းပိတ်ဆို့တာတွေနဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။
ပင်စင်ပြုပြင်ပြောင်းလဲမှု တားဆီးဖို့ ကြိုးပမ်းသလို ဘရာဇီးနိုင်ငံတ၀ှမ်း မြို့တွေမှာ ဆန္ဒပြသူတွေ စုဝေးပြီး ပညာရေး အသုံးစရိတ်ရပ်တန့်မှာကိုလည်း ဆန့်ကျင်ဆန္ဒပြကြပါတယ်။
No comments:
Post a Comment