Pages
Saturday, June 15, 2019
အောင်သပြေကျေးရွာပဋိပက္ခမှ ဒေသခံ(၆)ဦးကို ပုဒ်မ(၂)ခုဖြင့် စွဲဆို
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာပဋိပက္ခနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ဒေသခံ(၆)ဦးကို ဇွန်(၁၄)ရက်က ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ပုဒ်မ(၂)ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ မူလက ပုဒ်မ ၄ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပေမယ့် ဒီနေ့ရုံးချိန်းမှာတော့ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒေသခံအမျိုးသားလေးဦးကို ရာဇသတ်ကြီးပုဒ်မ ၄၃၆ (အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့် သို့တည်းမဟုတ်ပေါက်ကွဲတတ်သည့်အရာဖြင့် အကျိုးဖျက်ဆီးမှု)နဲ့ ရာဇသတ်ကြီးပုဒ်မ၄၄၀(သေစေမှုအတွက် သို့တည်းမဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက်ကျူးလွန်သည့် အကျိုးဖျက်ဆီးမှု) တို့နဲ့စွဲဆိုထားတာဖြစ်ပါတယ်။ နောက်ထပ်အမျိုးသားတစ်ဦးအပါအဝင်(၃၄)ဦးကိုတော့ တရားခံပြေးအဖြစ်သတ်မှတ်လိုက်တယ်လို့ အောင်သပြေကျေးရွာနဲ့ပတ်သက်တဲ့အမှုတွေမှာ ဒေသခံတွေဘက်က လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေက ပြောပါတယ်။ မြင့်ကုမ္ပဏီဝန်ထမ်းဦးဟန်ဇော်လင်းက တရားလိုပြုလုပ်ကာစွဲဆိုတဲ့ဒီအမှုကို လာမယ့် ဇွန်(၂၁) ရက်မှာ စစ်ဆေးမှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment