ရွှေနန်းတော်ကျောင်းသည် မန္တလေးမြို့၏ ခရီးသွားကဏ္ဍတွင် အရေးပါသည့်အစိတ်အပိုင်းတစ် ခုဖြစ်ပြီး ဟိုတယ်ခရီးက ဗီဇာဖြေ လျှော့ပြီးနောက် တရုတ်နှင့်အာရှ ခရီးသွားများ ပိုမိုဝင်ရောက်လာ သဖြင့် ၎င်းတို့က ရွှေကျောင်းပေါ်၌ လှည့်ပတ်ကြည့်ရှုရာတွင် ဗိသု ကာလက်ရာများကို လက်ဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်းနှင့်ဆေး လိပ်သောက်ခြင်း ပြုလုပ်သူများ ပြားလာသဖြင့် တားမြစ်ပေးရန် တိုင်းအစိုးရအဖွဲ့သို့ တင်ပြခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘ရွှေနန်းတော်ကျောင်း ပြု ပြင်ထိန်းသိမ်းရေးအဖွဲ့ဟာ ဒီနေ ရာကို အဓိကတာဝန်ယူရတဲ့အ ဖွဲ့အစည်းမဟုတ်ပါဘူး။ ပြုပြင် ရေးတွေပဲ လုပ်ရတာပါ။ အဲဒါကို မြန်မာအစိုးရဘက်က လက်တွေ့ တရားဝင်လုပ်မှရမှာပါ။ တကယ် လို့ တစ်ယောက်ယောက်က ဒါကို မတားဆီးဘူးဆိုရင် ရွှေကျောင်း အတွက် အန္တရာယ်ရှိစေပါတယ်’’ ဟု ဂျက်ဖရီက ပြောသည်။ လက်ရှိတွင် ရွှေနန်းတော် ကျောင်းသို့ တစ်ရက်လျှင် ခရီး သည်တင်ယာဉ် ၁၅ စီးခန့်ဖြင့် တရုတ်နိုင်ငံသားရာဂဏန်းခန့် လာရောက်လည်ပတ်နေပြီး ဆေး လိပ်သောက်ခြင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်လက်ရာများကို လက် ဖြင့် ဆွဲခါလှုပ်ယမ်းကြည့်ခြင်းတို့ ကို တရုတ်နှင့်ကိုရီးယားခရီးသွား အများစုပြုလုပ်ကြောင်း မန္တလေး တိုင်းဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောသည်။
No comments:
Post a Comment