ဒုတိယက္ဘာစစ်အတွင်းက အင်္ဂလိပ်တပ်တွေ မော်လူးမြို့အနီးရှိ ဘုရားလေးတောင်ကုန်းမှာ White City အဖြစ် တပ်စွဲထားခဲ့စဉ်က ဂျပန်တပ်တွေနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျပန်စစ်သည်အချို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံသား Mr. Imoto ဟာ ဂျပန်စစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုများကိုယ်စား ရုပ်ကြွင်းတွေ ရှာဖွေရာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှ ကျန်ရစ်သူမိသားစုတွေအနေနဲ့ ရိုးရာအတိုင်း ရုပ်ကြွင်းတွေကို ကန်တော့နိုင်ဖို့ ကိုယ်ချင်းစာစိတ်နဲ့ ရှာဖွေပေးနေတာဖြစ်ကြောင်း၊ ရုပ်ကြွင်းရှာဖွေတွေ့ရှိတဲ့ နေရာအား စမ်းသပ်တူးဖော်မှုသာ ပြုလုပ်ထားပြီး နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းမှုနဲ့ ဂျပန်နိုင်ငံ ပြန်သယ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
No comments:
Post a Comment