
၎င်းမှာ လစာ၊ ပင်စင် စတဲ့ အကြောင်းအရာတွေအတွက် သတ္တုတွင်းစီမံခန့်ခွဲရေးအဖွဲ့နဲ့ အလုပ်သမားသမဂ္ဂတွေအကြား ၂ ပတ်ကြာ ဆွေးနွေးခဲ့ကြရာ ကိုဒဲလ်ကိုးဘက်က လစာ ၁.၂ ရာခိုင်နှုန်း တိုးပေးပြီး ဒေါ်လာ ၂၀,၀၀၀ ဖိုး အကျိုးအမြတ်ခံစားခွင့် တစ်ကြိမ်ပေးမည်ဟု ကမ်းလှမ်းခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂတွေဘက်ကတော့ ထိုကမ်းလှမ်းချက်ဟာ သေးဖွဲလွန်းတဲ့အပြင် ၄င်းတို့ တောင်းဆိုထားတဲ့ ကျန်းမာရေးကုသစောင့်ရှောက်စရိတ်နဲ့ ပင်စင်လစာတွေကိုတော့ ကိုဒဲလ်ကိုး ဘက်က မသိကျိုးကျွံပြုနေကြောင်း ပြောပါတယ်။ သို့ဖြစ်ရာ လုပ်သားပေါင်း ၃,၂၀၀ ကျော်ဟာ ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြပြီး ဇွန် ၁၄ ရက်နေ့ ပထမဆုံး အလုပ်အဆိုင်းမှာ စတင် သပိတ်မှောက် လိုက်ကြပါတယ်။
ကိုဒဲလ်ကိုး ကတော့ ၄င်းတို့ရဲ့ အဓိကဝယ်လက်ဟာ တရုတ်ဖြစ်ပြီး ကုန်သွယ်ရေးစစ်ပွဲမှာ အရောင်းအဝယ် မတည်မငြိမ် ဖြစ်ရပေမယ့် အတတ်နိုင်ဆုံး ကမ်းလှမ်းပေးခဲ့ကြောင်း ၊ အလုပ်သမားတွေရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်၊ စိတ်ပျက်မိကြောင်း ပြောပါတယ်။
ချီလီအစိုးရပိုင် ကိုဒဲလ်ကိုးဟာ ကမ္ဘာ့အကြီးဆုံး ကြေးနီတူးဖော်ရေးလုပ်ငန်းကြီး ဖြစ်ပြီး ချူကွေကမားတားမှ ထွက်ရှိနေတဲ့ ကြေးနီပမာဏဟာ နှစ်စဉ် တန် ၄ သိန်းခွဲ ရှိပါတယ်။
No comments:
Post a Comment