
ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးဆိုသူကို အရေးယူပေးရန် အလုပ်သမားအေဂျင်စီ ၁၇ ခုမှ လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုတွင် ထပ်မံ၍ အလုပ်သမား အေဂျင်စီ ၁၂ ခု မှ လက်မှတ်ရေးထိုးကာ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
" ဦးစန်းမောင်ဦး လာဒ်စားတာကို ဌာနက DE ဖွဲ့ပြီး စစ်ပြီးပြီ အဂတိ ကော်မရှင်ကလည်း ကျွန်တော်တို့ကို ခေါ်ပြီး စစ်ပြီးပြီ ကျွန်တော်တို့ကို အမျိုးသားလွှတ်တော်ကလည်း ကြားနာပြီးပြီ ဒါပေမယ့် ယနေ့အချိန် အထိ အရေးမယူသေးတဲ့အတွက် ထပ်တိုင်တာ ဖြစ်ပါတယ်" ဟု မြန်မာအလုပ်သမား သံအရာရှိအား တိုင်ကြားသည့် အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါကဲ့သို့ မြန်မာအလုပ်သမားသံအရာရှိအား တိုင်ကြားရခြင်းသည် ပုဂ္ဂိုလ်ရေး မုန်းတီးမှုများကြောင့်မဟုတ်ပဲ ထိုင်းနိုင်ငံအား အလုပ်သမားပို့ဆောင်ရာတွင် ငွေကြေးပေးသည့် အနည်းအများပေါ်မူတည်ကာ အေဂျင်စီများ၏ အလုပ်သမားပို့ဆောင်မှုကို နှောင်နှေးကြန့်ကြာစေရန် ပြုလုပ်ခြင်း နှင့် ယင်းစနစ်များကို ပပျောက်သွားစေရန်အတွက် တိုင်ကြားရခြင်းဖြစ်ကြောင်း အေဂျင်စီ များကဆိုသည်။
" ထိုင်းကို အလုပ်သမားပို့ဆောင်မယ်ဆိုရင် Demands အတွက် အနည်းဆုံး ထိုင်းဘတ်ငွေ တစ်ယောက်ကို ၁၀၀ ကနေ ၅၀၀ အထိပေးရတယ် အဲ့ဒါက တစ်ခါတင်ရင် အနည်းဆုံး ၄၀၀ ၊ ၅၀၀ ရှိတယ် အဲ့ဒီအတွက်သူကို အနည်းဆုံး အေဂျင်စီ တွေက ဘတ် ၄၀၀၀၀ ကနေ အမြန်ထွက်ချင်တဲ့သူက ဘတ် ၁သိန်းအထိပေးရတယ် ငွေနည်းနည်းပဲ ပေးတဲ့သူဆိုရင် သူက အဲ့ဒီစာရင်းတွေကို လက်မှတ်မထိုးဘူး " ဟု တိုင်ကြားထားသည့် အလုပ်သမားအေဂျင်စီ တစ်ခုမှ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ထပ်မံပြောသည်။
ပြီးခဲ့သည့်ဧပြီလတွင် ၎င်းကို တိုင်ကြားမှုများတွင် ပါဝင်ခဲ့သည့် အေဂျင်စီများကိုလည်း လက်ရှိတွင် ဖိအားပေးမှုများကို ဆက်လက်ပြုလုပ်ကာ ၎င်း၏အေဂျင်စီများ၏ တင်ပြမှုများကိုလည်း ယခင်ထက်တင်းကြပ်ကာ ပိုမိုလုပ်ဆောင်လာမှုများလည်း ရှိလာကြောင်း ၎င်းကဆိုသည်။
" တိုင်းကြားထားသူနဲ ၁၇ ဦး နဲ့ ၁၂ ဦးစုစုပေါင်း ၂၉ ဦးရဲအပြစ်တွေကိုအလုပ်သမားသံအရာရှိဦးစန်းမောင်ဦကအုပ်စုဖွဲပြီးအပြစ်လိုက်ရှာတယ်အခုတိုင်ကြားထားသူအေဂျင်စီအများစုကထိုင်းလိုင်စင်စရကတည်းကမှန်မှန်ကန်ကန်လုပ်သားပိုဆောင်နေတဲအေဂျင်စီများတယ်ပြီးတော့လာဘ်စားပါတယ်လို့အပြစ်ရှိတဲသူကတိုင်ကြားထားတဲအေဂျင်စီတွေကိုအပြစ်မရှိအပြစ်ရှာပြီပြန်တိုင်တန်းမူတွေလုပ်တယ်" ဟု တိုင်ကြားသူ အလုပ်သမားအေဂျင်စီ တစ်ဦးကလည်း ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက တိုင်ကြားမှု နှင့် ပတ်သက်၍ အလုပ်သမားအေဂျင်စီ များအား အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ ရေးရာကော်မတီမှ စစ်ဆေးကြားနာရာတွင် အဆိုပါ အမှုသည် အဂတိလိုက်စားမှုမြောက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လိုအပ်သလို စီစစ်အရေးယူနိုင်ပါရန်ဟုဆိုကာ ပြည်တွင်းရေးရာ ဥက္ကဌမှ လက်မှတ်ရေးထိုးကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား အမှုတွဲကို ပေးပို့ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment