‘‘တစ်ကားလုံးပါပြီး ထိထိ မိမိလုပ်ရတဲ့ လုပ်ကွက်မပါရင် လည်း အလကားပဲ။ တကယ်အ ရေးကြီးပြီး လုပ်ရတဲ့အရာမျိုး ဖြစ်ရမယ်။ အခန်းနည်းရင် နည်းပါစေ။ အဲဒီလိုမျိုး ပိုကြိုက်တယ်’’ ဟု အိန္ဒြာကျော်ဇင်က ပြောသည်။
ကြိမ်နှုန်းရုပ်ရှင်သည် ၁၉ ရာစုမှ အမျိုးသမီးတစ်ဦး၏ ဘဝကို အခြေခံကာ ဇာတ်လမ်းတည် ဆောက်ထားခြင်းဖြစ်ပြီး ယင်းအမျိုးသမီးအဖြစ် အိန္ဒြာကျော်ဇင် က သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားတွင် ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့နှင့်အ တူ သရုပ်ဆောင်အသစ်များ ပါဝင်ပြီး ဒါရိုက်တာ ခန့်မာန်ထည်က ရိုက်ကူးပုံဖော်ထားသည်။
‘‘အစ်မက အသစ်တွေကို ဘယ်တော့မဆို Welcome လုပ် တယ်။ ဒါရိုက်တာဆိုရင်လည်း သူ့ကိုယ်သူ ယုံကြည်မှုရှိလို့ လုပ်တာ။ ကိုယ်ကလည်း ယုံကြည်တယ်။ သရုပ်ဆောင်တွေဆိုရင် လည်း အသစ်တွေဆိုပေမယ့် ဒီအထဲမှာ အရည်အချင်းရှိတဲ့ ကလေးတွေ အများကြီးပါတယ်’’ ဟု အိန္ဒြာကျော်ဇင်က ပြောသည်။
ယင်းဇာတ်ကားအတွက် သရုပ်ဆောင်အသစ်များကို သုံးလခန့် အချိန်ပေး၍ ကြိုတင်ပြင် ဆင်ခဲ့ခြင်းဖြစ်ပြီး ဇာတ်ကားရိုက် ကူးချိန်တွင် အသစ်များကို သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်၍ သိသလောက် ကူညီဖြစ်ကြောင်း ၎င်း က ဆိုသည်။ ကြိမ်နှုန်းရုပ်ရှင်သည် ပိုစတာထွက်ရှိလာချိန်ကတည်းက ပရိသတ်စိတ်ဝင်စားမှု ရရှိသည့် ဇာတ်ကားဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စတင် ရုံတင်ပြသမည်ဖြစ် သည်။
No comments:
Post a Comment