MISA အသင်းတွင် ဦးဆောင်ကော်မတီဝင် ၁၁ ဦး၊ အမှုဆောင် ၂၂ ဦးနှင့် အသင်းဝင် ၁၀၀ ခန့်ရှိ သည်။
အသင်းရည်ရွယ်ချက်သည် လူငယ်များ၊ ပညာရှင်များကို သတင်းအချက်အလက် လုံခြုံ ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ် သက်၍ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ကိုမိုက် ဘုန်းမြင့်က ပြောသည်။
‘‘ရည်ရွယ်ချက် နံပါတ် (၂)က အင်ဖော်မေးရှင်းလုံခြုံရေးနဲ့ ပတ်သက်လို့ အသိပညာပေးရေး၊သင်တန်းပို့ချခြင်းပါ။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဝေဖန် သုံးသပ်နိုင်အောင်လို့ပါ။ နံပါတ် (၃)က စံသတ်မှတ်ချက်လုပ်ဖို့၊ ဆောင်ရန်၊ ရှောင်ရန်တွေကို နိုင်ငံတကာအဆင့်မီ စံသတ် မှတ်ချက်လုပ်ပေးချင်တဲ့ ဆန္ဒဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
MISA သည် ပထမဆုံးလှုပ် ရှားမှုအနေဖြင့် ရန်ကုန်မြို့က အစပြု၍ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာပေးရေးအစီအစဉ်ကို တစ်နိုင်ငံလုံး အ တိုင်းအတာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
MISA တည်ထောင်နိုင်ရန် ပြည်တွင်းရှိ ဆိုက်ဘာလုံခြုံရေး ပညာရှင်များ သည် ၂၀၁၈ ဇူလိုင် ကတည်းက စတင်ကြိုးပမ်းပြီး အသင်းအဖွဲ့ မထူထောင်နိုင်မီ အင်တာနက်စာမျက်နှာပေါ်တွင် ဆိုက်ဘာဘေးကင်းရေးဟူသော ပညာပေးကမ်ပိန်းတစ်ခု အ ကောင်အထည်ဖော်ခဲ့သည်။ ‘‘အသင်းမှာ နောက်ပိုင်း ကော်ပိုရိတ်မန်ဘာတွေလည်း ထည့်သွင်းသွားဖို့ ရှိနေပါတယ်’’ ဟု ကိုမိုက်ဘုန်းမြင့်က ပြောကြားသည်။
No comments:
Post a Comment