စစ်ဆေးချက်အရ အဲဒီလေယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျတာဖြစ်ကြောင်း၊ လေယာဉ်စက်ချို့ယွင်းကြောင်း ဌာနကို သတင်းပို့ခဲ့ပြီး လေသူရဲတဦးက လေယာဉ်ပေါ်ကနေ လေထီးနဲ့ ဦးစွာ ခုန်ဆင်းခဲ့ကာ နောက်တဦးမှာ အချိန်မီ မဆင်းနိုင်ခဲ့ဘဲ သေဆုံးသွားတယ်လို့ အမှတ် ၄၁ လေတပ်ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီလေယာဉ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း တာ့ခ်ခရိုင်မှာ တကြိမ်ပျက်ကျခဲ့ဖူးပြီး လေသူရဲတဦး သေဆုံး၊ တဦး ဒဏ်ရာရခဲ့တယ်လို့ TNN သတင်းမှာ ဖော်ပြပါတယ်။
မျက်မြင်သက်သေ ပြည်သူတွေ ပြောပြချက်အရ အဲဒီလေယာဉ်ဟာ လူနေအိမ်တွေပေါ် ပျက်ကျခြင်းမရှိအောင် အနောက်ဘက်က မယ့်ပင်းမြစ်ထဲ ထိုးဆင်းဖို့ ကြိုးစားခဲ့တာ တွေ့ရတယ်၊ ဒါပေမယ့်လည်း ဒေသခံတဦးရဲ့ ခြံထဲကို ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment