ကော်မတီအဖွဲ့ဝင် မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီအစီရင်ခံစာကိုလာမယ့်လွှတ်တော်မှာ တင်သွင်းမယ်၊ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ၀င်ရောက်ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
အခုအစီရင်ခံစာဟာ ပါတီအလိုက် အဖွဲ့အစည်းအလိုက် ပြင်ဆင်လိုတဲ့ အချက်တွေကို စုစည်းထားတာလို့ သိရပါတယ်။
လာမယ့် ဇူလိုင် ၁၅ ရက်နေ့ ပြန်ကျင်းပမယ့် ၁၃ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ အစိုးရဘတ်ဂျက်အတည်ပြုရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ မေလက တပ်မတော်သားကိုယ်စားလှယ်တွေအပါအ၀င် ကော်မတီဝင် ၄၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။
ကော်မတီရဲ့ ၂၅ ကြိမ်မြောက် အစည်းအဝေးအပြီးမှာတော့ ပြည်ထောင်စုလွှတ်တော် တင်သွင်းမယ့် အစီရင်ခံစာကို ၄၅ ဦး ကော်မတီဝင်တွေက အတည်ပြုလက်မှတ်ရေးထိုးခဲ့တာပါ။
No comments:
Post a Comment