
ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း အတွင်းရှိ တရားမဝင် ပျံကျဈေးဆိုင်များကို ဇူလိုင် ၁၂ ရက် (ယနေ့) နံနက်ပိုင်းက ဖယ်ရှား ရှင်းလင်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အခွန်ဌာန ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းအတွင်းရှိ တရားမဝင် ပျံကျဈေးဆိုင်များ မရှိစေရန်နှင့် မှုခင်းများ မဖြစ်ပွားစေရေး စီမံချက် ရေးဆွဲ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ဖြင့် ဖယ်ရှား ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။ ဖယ်ရှားရှင်းလင်းရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ ဘုရင့်နောင်ပွဲရုံ သာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဘုရင့်နောင်ပွဲရုံ စည်ပင်သာယာရေးကော်မတီ ၊ ဘုရင့်နောင်ပွဲရုံ သီးသန့် မီးသတ်တပ်ဖွဲ့ အပါအဝင် အင်အား ၁၀၀ ကျော်ဖြင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။ ထိုသို့ ဖယ်ရှား ရှင်းလင်းရန်အတွက် ဇူလိုင် ၁၀ ရက်နေ့တွင် နို့တစ်စာ ပေးပို့ အကြောင်းကြားပြီး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment