ဇူလိုင် ၈ ရက်က ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်လေးခုရှိပြီး ဒဏ်ရာရသူ ကိုးဦးရှိခဲ့ သည်။
အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်န ၀ါရီမှ ဇွန်လအထိ အမြန်လမ်း တွင် ယာဉ်မတော်တဆမှု ၂၅၈ မှုဖြစ်ပွားပြီး သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရသူ ၄၇၂ ဦးရှိခဲ့သည်။
အရှိန်လွန်မောင်းနှင်ခြင်း နှင့် မောင်းနှင်ချိန်အိပ်ငိုက်သည့် ဖြစ်စဉ်များကြောင့် ယာဉ်မတော် တဆမှုဖြစ်သည်ဟု အမြန်လမ်းရဲ တပ်ဖွဲ့ကဆိုသည်။ ယခုနှစ်ဆန်းမှ မေလကုန်အ ထိ အမြန်လမ်းတွင် သတ်မှတ်မိုင် နှုန်းထက် ပိုမောင်းသည့် ယာဉ်အ စီးရေ ၂,၀၀၀ ကျော်ကို ရဲတပ် ဖွဲ့က အရေးယူခဲ့သည်။
No comments:
Post a Comment