
လက်ရှိ အနအထားအရ စတင်ဖြစ်ပွားခဲ့ချိန်မှ မွန်းတည့် ၁၂ နာရီကျော်အထိ ထားဝယ်ပြည်သူ့ ဆေးရုံကြီးထံသို့ တင်ပို့ ထားသည့်ကျောင်းသူဦးရေ ၃၀ ခန့် ရှိပြီဖြစ်ပြီး အများစုမှာ အလယ်တန်း အထက်တန်း အရွယ်များ ဖြစ်ကြောင်း သိရသည်။ အ.ထ.က(၆) ထားဝယ်သို့ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများဖြင့်လာရောက်ကုသမှု ပေးနေသည့်အပြင် တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လုံ/နယ်ဝန်ကြီးများလည်း လာရောက်ကြည့်ရှုလျက် ရှိကြောင်လည်းသိရသည်။
လက်ရှိတွင်ယင်းသို့ ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ကျောင်းအတွက်သောက်ရေသန့် ဗူးများ၊ကျောင်းမုန့်ဈေးတန်းနှင့် ကျောင်း ပတ်ဝန်းကျင်အနေအထားများကို FDA အပါအဝင်ဌာနပေါင်းစုံဖြင့် စစ်ဆေးနေကြောင်းလည်း သိရသည်။
လက်ရှိတွင်ထားဝယ်မြို့ ၏ ရာသီဥတုမှာ မနက်ပိုင်းမှစတင်၍ အပူချိန်မြင့်မားနေပြီး ရာသီဥတုပူပြင်းမှုနှင့် အခင်းဖြစ်ပွားခဲ့သည့်ကျောင်း၏ အဆောင်အမှတ်-၄ အနောက်ဘက်မှ အိမ်သာများ၏ မိလ္လာကန်မှ ထွက်ရှိလာသော အနံ ဆိုးများကြောင့် ဖြစ်ဖွယ်ရှိကြောင်းသုံသပ်မှုများရှိနေသည်ဟု ကနဦးသတင်းများအရသိရသည်။ အခင်းဖြစ်ပွားခဲ့သည့်ကျောင်းကိုလက်ရှိတွင်ပိတ်ထားလိုက်ပြီးကျောင်းသားများကို မိဘများထံ ပြန်လွှတ်ထားကြောင်း သိရသည်။
No comments:
Post a Comment