
ကချင်ပြည် နယ်မိုးညှင်းမြို့မှ ဒေသခံကျောက်မျက်ရောင်းဝယ်သူများမှာ နေရာအတည်တကျ မရှိသေးသဖြင့် နန်းခါရပ်ကွက်၌ ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ယာယီရောင်းဝယ်နေကြရကြောင်း ကျောက်စိမ်းရောင်း ဝယ်သူများထံမှသိရသည်။ မိုးညှင်းမြို့အနီးရှိ နန့်မချီနှင့် မော်ဟန်ဒေသမှ ကျောက်စိမ်းများကို မိုးညှင်းမြို့သို့လာရောက်ရောင်းချသူများလည်းရှိသကဲ့သို့ ဖားကန့် ဒေသမှလာရောက်ရောင်းချကြသူများလည်း ရှိနေသောကြောင့် အဆိုပါရောင်းချသူများသည် ဆိုင်ခန်းများဖြင့် အတည်တကျ ရောင်းဝယ်မည်ဆိုပါက တရုတ် ပြည်မှ ကျောက်မျက်ဝယ်ယူသူများနှင့် မန္တလေး၊ ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ ရောင်း ဝယ်သူများလည်း အဆင်ပြေကြမည်ဖြစ်သည်။
”အရောင်းအဝယ် လုပ်တဲ့အခါ နေရာမရှိတော့ လက်ဖက်ရည်ဆိုင်မှာ ဖြစ်သလို ရောင်းဝယ် နေရတယ်။ ဆိုင်ရှင်ကိုလည်းအား နာရတယ်။ ကိုယ်အစုအဖွဲ့နဲ့ကိုယ် ဆိုတော့ နေရာအတည်တကျရှိမယ်ဆို ဒါ့ထက်ပိုအဆင်ပြေပြီး နိုင်ငံ တော်ကခွင့်ပြုပါက ဖမ်းဆီးအရေး ယူတာလည်းသက်သာမယ်”ဟု ကျောက်မျက်ပွဲစား ကိုကျော်က ပြောကြားသည်။
လက်ရှိအချိန်တွင် မိုးညှင်းမြို့ ၌ ဒေသခံကျောက်စိမ်းရောင်းဝယ်သူ လူဦးရေရာနှင့်ချီအထိရှိနေပြီး ၎င်းင်းတို့အတွက် ကျောက်အရောင်း အဝယ်အတည်တကျဖြစ်စေမည့် နေရာတစ်ခုရရှိရေးနှင့် တရားဝင်အခွန်ဆောင်ရောင်းချခွင့်ရရှိရေးအတွက် အထူးလိုအပ်နေကြောင်း သိရသည်။
No comments:
Post a Comment