‘‘မြို့နယ် သံဃနာယကအ ဖွဲ့ တာဝန်ရှိသူတွေကို ကြိုတင် လျှောက်ထားပြီး ဆရာတော်တွေ ကမှတစ်ဆင့် ကျောင်းတိုက်နာ ယက ဆရာတော်တွေနဲ့ ချိတ် ဆက်ပြီး သွားရောက်ခဲ့တာဖြစ်လို့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ နောက်ပိုင်း ဘယ်လိုတွေ အခြေ အနေဖြစ်တော့ ကျွန်တော်တို့ မသိဘူး’’ဟု စာကပ်ရာတွင် ပါဝင်သည့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဌေးကျော်က ပြောသည်။
ကျောင်းတိုက်ရှေ့တွင် ကပ်ခဲ့သည့် ၀ရမ်း၌ ဦးဝီရသူအနေဖြင့် စွပ်စွဲချက်များကို ထုချေရှင်းလင်းရန် သြဂုတ် ၉ ရက်တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးသို့ လာရောက်ရန် ဖော်ပြထားသည်။
‘‘ဘယ်နေ့၊ ဘယ်ရက်မှာ သက်ဆိုင်ရာ တရားရုံးကိုလာပြီး ဖြေရှင်းဖို့ အသိပေးတဲ့စာပါ’’ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြ သည်။
အဆိုပါ ၀ရမ်းကို ဦးဝီရသူ သီတင်းသုံးသည့် ကျောင်းတိုက် အပြင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် မစိုးရမ်တိုက်သစ်ရှေ့ရှိ ကြော်ငြာသင်ပုန်းတွင်လည်း ကပ် ထားကြောင်း ဦးဌေးကျော်က ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ဖမ်း ၀ရမ်းထုတ်ခံရသော ဦးဝီရသူအမှု နှင့်ပတ်သက်ပြီး တရားလိုပြသက် သေ အားလုံးစစ်ဆေးပြီး၍ တရား သူကြီးက ရာဇ၀တ်ကျင့်ထုံး ဥပ ဒေပုဒ်မ ၈၇ အရ ၀ရမ်းကပ်ရန် ကြေညာချက် ထုတ်ပြန်ထား သည်။
ပုဒ်မ ၈၇ တွင် ၀ရမ်းကပ်ခံရ သူ နေထိုင်မြဲဖြစ်သည့် မြို့(သို့ မဟုတ်) ကျေးရွာ၏ ထင်ရှားသော နေရာတစ်ခု၌ ယင်းထုတ်ပြန်ကြေ ညာချက်ကို အများကြားသိအောင် ဖတ်ကြားရမည်ဟု ဖော်ပြထား သည်။ ထို့အပြင် အဆိုပါ လူနေ ထိုင်မြဲဖြစ်သည့် အိမ်(သို့မဟုတ်) အဆောက်အအုံ၏ ထင်ရှားသော နေရာတွင်ဖြစ်စေ၊ အဆိုပါ မြို့ (သို့မဟုတ်) ကျေးရွာ၏ ထင်ရှား သော နေရာတွင်ဖြစ်စေ ယင်း ထုတ်ပြန်ကြေညာချက်ကို ကပ် ထားရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ ဦးဝီရသူ သီ တင်းသုံးသော ကျောင်းတိုက်ကို လည်း ၀ရမ်းကပ်ရန် တရားသူ ကြီးက ကြေညာချက်ထုတ်ပြန် ထားသည်။ ပုဒ်မ ၈၈ တွင် တရားရုံးက ကြေညာချက်ထုတ်ပြန်ခြင်း ခံရသူပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မရွှေ့ပြောင်းနိုင် သော ပစ္စည်းကိုဖြစ်စေ၊ ပစ္စည်း နှစ်မျိုးစလုံးကိုဖြစ်စေ မည်သည့် ပစ္စည်းကိုမဆို ၀ရမ်းကပ်ရန် အ ချိန်မရွေး အမိန့်ထုတ်နိုင်ဟု ဖော် ပြထားသည်။
ဦးဝီရသူအမှုနှင့်ပတ်သက် ပြီး မျက်ကွယ်တွင် စစ်ဆေးရာ စုစုပေါင်း ရုံးချိန်း ခုနစ်ချိန်း ရုံး ထုတ်အပြီး တရားလိုပြသက်သေ ကိုးဦးကို စစ်ဆေးခဲ့သည်။ ဦးဝီရသူသည် နိုင်ငံတော် အကြီးအကဲများအပေါ် မဖွယ်မ ရာ စကားလုံးများ သုံးနှုန်းပြောဆို ခြင်းနှင့် နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေးစသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည် ညိုပျက်အောင် ပြောကြားမှုကြောင့် အနောက်ပိုင်းခရိုင်ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်၍ နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုရန် မေလ ၂၈ ရက်တွင် တိုင်တန်းခဲ့သည်။
No comments:
Post a Comment