
ချက်သမ္မတနိုင်ငံက သက်ကြီးခရီးသည် ၂ ယောက်၊ ရိုမေးနီးယားနဲ့ ရုရှားနိုင်ငံသား ၂ ယောက်စီ သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
“ခုလိုရာသီမှာ ပုံမှန်အားဖြင့် ပူအိုက်ခြောက်သွေ့တဲ့ ဂရိနိုင်ငံမှာ ရာသီဥတုဆိုးရွားတာ ရှားပါတယ်။ အခြေအနေတွေက အလွန်အမင်း မကြုံစဘူး ထူးကဲတယ်” လို့ မိုးလေဝသပညာရှင် ကလဲယာ့ဆော့စ် မာရောင်ဆာကီက ပြောပါတယ်။
အာဏာပိုင်တွေက ဒေသတွင်းမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး ပြည်သူ့ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့ အစောပိုင်းမှာ လာရောက်ကြည့်ရှု စစ်ဆေးပါတယ်။ မီးသတ်သမား အယောက် ၁၄၀ ထက်မနည်း ဒေသတွင်းကို ရှင်းလင်းနေကြပါတယ်။
No comments:
Post a Comment